Preview

အာဆာခေါင်းဆောင်တစ်ဦးဖြစ်သူ အာဆတ်ဒူလာအား ဘင်္ဂလားဒေ့ရှ်ရဲများက စစ်တကောင်းလေဆိပ်တွင် ဖမ်းမိ

ဖေဖော်ဝါရီ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :2562
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁/၂၀၂၃

အာဆာအဖွဲ့( ARSA) ခေါင်းဆောင်အာဆတ်ဒူလာ (Asadullah) ကို ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးရဲများက ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးသို့အသွား စစ်တကောင်းလေဆိပ်တွင် သောကြာနေ့ညနေက ဘင်္ဂလာဒေ့ရှ် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)နှင့်အတူ  ဖမ်းဆီးလိုက်သည်ဟု သိ၇သည်။

အာဆတ်ဒူလာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်ဖြင့် ဆော်ဒီအာရေဗျသို့သွားရောက်ရန်စစ်တကောင်း ရှား အေမာနတ်နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာစဉ်၎င်းအားဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးရဲများက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက်စနေနေ့ မနက်ပိုင်းတွင် ၎င်းအား အိုကီးယားမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်သည်ဟု စစ်တကောင်းလေဆိပ် အထူးကြီးကြပ်ရေး ရဲအရာရှိ ရှာဟိန်းအာမက်ကပြောကြားခဲ့ကြောင်း  DhakaTribune တွင် သတင်းဖော်ပြသည်။

အာဆတ်ဒူလာသည် ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ သန်ခါလီဒုက္ခသည်စခန်းတွင် နေထိုင်သူ ဖြစ်ကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြသည်။

ရဲအရာရှိရှာဟိန်းအာမက်က " ဖြစ်စဉ်အ၇ အာဆတ်ဒူလာ အမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုပြည်ပနိုင်ငံထွက်ခွါဖို့ ပြင်ဆင်နေချိန်မှာဖမ်းဆီး၇မိပါတယ်။ သူ့ကို စစ်တကောင်းမြို့တော် ရဲတပ်ဖွဲ့ရဲ့ထောက်လှမ်းရေးရဲထံကို နောက်တော့ လွှဲပြောင်းပေးလိုက်ပါတယ်"

" အာဆတ်ဒူလာဟာ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးကိုထွက်ခွါမယ့် လေယာဉ်လက်မှတ်ကို ကိုင်ဆောင်ထားပါတယ်။သူဟာ အဲဒီနေ့ ည ၇:၃၀ နာရီ လေယာဉ်နဲ့ ထွက်ခွါဖို့ဖြစ်ပြီးလေယာဉ် မထွက်ခွါမီချိန်လေးမှာ ကျွန်တော်တို့သူ့ကို ဖမ်းဆီးလိုက်တာပါ" ဟု ရဲအရာရှိရှာဟိန်း အာမက်က ဆက်လက် ပြောကြားခဲ့သည်။

စစ်တကောင်းမြို့တော်ထောက်လှမ်းရေးရဲ လက်ထောက် ရဲမှူးကြီး နီဟက် အက်ဒနန် တိုင်ယန်ကလည်း" အာဆတ်ဒူလာကို ပြည်ပခရီးသွားဖို့ ပြင်ဆင်နေတုန်းဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်နဲ့အတူဖမ်းဆီးမိခဲ့ပါတယ်။ အားလုံး စစ်ဆေးပြီးတဲ့နောက် သူ့ကိုအိုကီးယား ရဲစခန်းကို စနေနေ့မှာလွှဲပေးလိုက်ပါတယ်"ဟု ပြောသည်။

အိုးကီးယားမြို့နယ်သည် ကော့စ်ဘဇားခရိုင်တွင် တည်ရှိပြီး၇ခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည်မြို့နယ် ဖြစ်သည်။

 " သူ့ကို လူသတ်မှုနဲ့ဇန်နဝါရီလ (၉)ရက်နေ့က အမှုဖွင့်ထားတာပါ။ အဲဒီအချိန်မှာနိုင်ငံခြားထွက်ပြေးဖို့ သူ ကြိုးစားတာဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်းရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကူး လက်မှတ်ကိုသူ ဘယ်လိုရရှိခဲ့တယ်ဆိုတာကိုလည်း စုံစမ်းစစ်ဆေးသွားဖို့ရှိပါတယ် " ဟု ရဲမှူးကြီး နီဟက် အက်ဒနန် တိုင်ယန်ကလည်း ထပ်ဆင့်ပြောကြားခဲ့သည်။


NN-27

Ref: Dhaka Tribune

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.