နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂/၂၀၂၃ (နိုင်ငံတကာ)
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက် စောစောပိုင်းက တူရကီအရှေ့တောင်ပိုင်းနှင့် ဆီးရီးယား မြောက်ပိုင်းနယ်စပ်အနီး လှုပ်ခတ်သွားသည့် ပြင်းအား ၇.၈ မဂ္ဂနီကျုရှိ ငလျင်ကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၅၀၀၀၀အထိ ရှိနိုင်သည်ဟု ကုလသမဂ္ဂကယ်ဆယ်ရေး အကြီးအကဲ မာတင်ဂရစ်ဖစ်က ပြောကြားလိုက်သည်။
ငလျင်လှုပ်ခတ်ခဲ့ရာ ဗဟိုချက်ဖြစ်သော တူရကီတောင်ပိုင်း ကာရာမန်မာရာမြို့သို့ စနေ့ကရောက်ရှိလာစဉ် မာတင်ဂရစ်ဖစ်ကယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
" သေဆုံးသူ အရေအတွက် တိတိကျကျ ဘယ်လောက်ရှိမယ်ဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။ အပျက်အစီး တွေကို ဖယ်ရှားကြည့်နိုင်မှပဲ သိရမယ်လေ။ ကျွန်တော့်အထင်လက်ရှိ အရေအတွက်ထက်နှစ်ဆမက ပိုများနိုင်ပါတယ်။"
" သေဆုံးသူ အရေအတွက်ကို ကျွန်တော်တို့စပြီးတောင် မရေတွက်၇သေးပါဘူး" ဟု ဂရစ်ဖစ်က ပြောကြားသည်။
တာဝန်ရှိသူများနှင့်ဆေးရုံစာရင်းများအရ တူ၇ကီဘက်ခြမ်းတွင် သေဆုံးသူ ၂၄၆၁၇ ရှိပြီး ဆီးရီးယားနယ်မြေဘက်တွင် ၃၅၇၄ ဦး သေဆုံးသည်ဟု သိ၇သည်။ ယခုချိန်ထိ အတည်ပြုသေဆုံးသူ ပေါင်းမှာ၂၈၁၉၁ ဦး ရှိပြီဟု သိ၇သည်။
ထောင်ပေါင်းများစွာသော ကယ်ဆယ်ရေးလုပ်သားများသည် အေးခဲသော ရာသီဥတုကိုအန်တုလျှက် ပြိုကျပျက်စီးနေသည့် အဆောက်အဦးများကြား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျှက် ရှိကြသည်။ ဆီးနှင်းများနှင့် အေးခဲပြီး ပြင်းထန်သော ရာသီဥတုအောက်တွင်သန်းနှင့်ချီသော ငလျင်ဒုက္ခသည်များမှာ အကူအညီ အလျင်အမြန် လိုအပ်နေသည်။
ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရတူ၇ကီနှင့် ဆီးရီးယား နယ်စပ်တစ်လျှောက်တွင် လူပေါင်း ၈၇၀၀၀၀ မှာ မနက်စာ၊ ညစာအရေးပေါ် လိုအပ်နေသည်။ ဆီးရီးယားတစ်နိုင်ငံထဲတွင် လူပေါင်း ၅ ဒဿမ ၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၇သည်။
လူပေါင်း ၂၆ သန်းနီးပါးခန့် ငလျင်ဒဏ် ထိခိုက်ခံစားရပြီး ကျန်းမာရေးစောင့်ရှောက်ရန် အရေးပေါ် ဒေါ်လာ၄၂ ဒဿမ ၈သန်း အကူအညီ လိုအပ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဆိုသည်။
တူ၇ကီ သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့အစည်းများမှလူပေါင်း ၃၂၀၀၀ က ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသလိုနိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားပေါင်း ၈၂၉၄ ဦးကလည်း ပါဝင်လုပ်အားပေးလျှက်ရှိသည်။
" သိပ်မကြာခင်မှာ ရှာဖွေရေး နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက လူသားချင်းစာနာ ထောက်ထားရေး အေဂျင်စီတွေကငလျင်ဒဏ်ထိခိုက်ခံစားရသူ အမြောက်အများကို ကူညီစောင့်ရှောက်မှု ပြုလုပ် ပေးနိုင်ဖို့ လမ်းဖွင့်ပေးနိုင်ပါလိမ့်မယ်" ဟု ကုလကယ်ဆယ်ရေးအကြီးအကဲ မာတင်ရစ်ဖစ်က ပြောကြားခဲ့သည်။
NN-27
ref: AFP/DhakaTribune
UN expects Turkey-Syria quake deaths will top 50,000