Preview

ကမ္ဘောဒီးယား ပြည်တွင်းသတင်းမီဒီယာတစ်ခုအား ထုတ်ဝေခွင့်ပိတ်သိမ်းရန် ဟွန်ဆန်အမိန့်ပေး

ဖေဖော်ဝါရီ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :6668
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃/၂၀၂၃ (နိုင်ငံတကာ)

 

ကမ္ဘောဒီးယားအစိုး၇ နှင့် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကား ရေးသားခဲ့သည်ဟုဆိုကာ လွတ်လပ်သော ကမ္ဘောဒီးယား ပြည်တွင်းသတင်းမီဒီယာ တစ်ခုအား သမ္မတဟွန်ဆန်ကပိတ်ပင်ပစ်ရန် အမိန့်ပေးလိုက်သည်ဟု သိ၇သည်။

 

VOD ဟု လူသိများသည့် The Voiceof Democracy သတင်းဌာန၏ ထုတ်ဝေမှုနှင့် အသံလွှင့်မှု အားလုံးတနင်္လာနေ့မနက် ၁၀ နာရီမှ အစပြုကာရပ်ဆိုင်းထားရန် အမိန့် ထုတ်ပြန်လိုက်သည်ဟု ဟွန်ဆန်၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် ဖော်ပြထားည်။

 

ဖနွမ်းပင်ရဲများကို သူ၏အမိန့်အတိုင်း လိုက်နာရန် ၊ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းမပြုရန်၊ ပြည်ပ အလှူရှင်များအနေနှင့် ကိုယ့်ပိုက်ဆံကိုယ်ယူပြီး ပြန်သွားရန်၊ ဝန်ထမ်းများက အခြားအလုပ် ပြောင်းရှာရန် ဟွန်ဆန်က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။

 

“ ဒီသတင်းဌာနက သတင်းကြေညာသူက ကျွန်တော် နဲ့ ကျွန်တော့်သားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားခဲ့တယ်” ဟု ဟွန်ဆန်က ရေးသားခဲ့ပြီး ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနအား VOD သတင်းဌာန၏ လိုင်စင်ကိုရုပ်သိမ်းရန် ညွှန်ကြားခဲ့သည်။ 

 

VOD သတင်းဌာနသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တူ၇ကီငလျင်သို့ ကမ္ဘောဒီးယားက အကူအညီပေးသည့် သဘောတူလက်မှတ်ရေးထိုးပွဲသတင်းကို ဖော်ပြခဲ့ရာ အစိုးရပြန်ကြားရေး ဝန်ကြီးဌာနမှ ဖေဆီဖန်၏ ပြောကြားချက်ကို ကိုးကားပြီး ဟွန်ဆန်၏ သားဟွန်မာနက်က ဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု ရေးသားခဲ့သည်။ 

 

အမှန်စင်စစ် ဟွန်ဆန်က လက်မှတ်ရေးထိုး၇မည်ဖြစ်သော်လည်း သူ၏နေရာကို ဆက်ခံရန် လျာထားပြီး လက်ရှိဒုတိယစစ်ဦးချုပ်ရာထူးအဆင့်သာ ရှိသေးသော သားဖြစ်သူ ဟွန်မာနက်က လက်မှတ်ရေးထိုးခြင်းမှာ လုပ်ပိုင်ခွင့်ကျော်လွန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြခဲ့သည်။ 

 

နိုင်ငံရေးပြိုင်ဘက်များကို စောင့်ကြည့်ပြီး ထောင်သွင်းအကျဉ်းချခြင်း၊ ပြည်ပြေးဖြစ်အောင်ပြုလုပ်ခြင်း၊ မိမိအားဝေဖန်သည့် မီဒီယာများကို ပိတ်ပင်ခြင်း၊ လူထုဆန္ဒပြမှုများကို ချေမှုန်းနှိမ်နင်းခြင်းများ ပြုလုပ်လေ့ရှိသည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင်ဟွန်ဆန်က သူ့အား လူသိရှင်ကြား တောင်းပန်ရန် တောင်းဆိုခဲ့သည်။

 

VOD ကို ထုတ်ဝေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့်(Cambodia Centerfor Independent Media) ကဟွန်ဆန်အစိုး၇ အဖွဲထံသို့ နားလည်မှု လွဲမှားဖော်ပြမိသည့် အတွက် ဝမ်းနည်းကြောင်းနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူဖေဆီဖန်၏ ပြောကြားချက်ကို ကိုးကားရေးသား၇ခြင်းသာ ဖြစ်သည်ဟု စာရေးသားပေးပို့ခဲ့သော်လည်း ဟွန်ဆန်က တုံ့ပြန်မှုမှာ လက်ခံနိုင်စရာမရှိ ဟုဆိုသည်။ 

 

VOD သတင်းဌာနမှာ ကမ္ဘောဒီးယားတွင် ယခုမှ စတင် ပိတ်ပင်ခံ၇သော သတင်းဌာန မဟုတ်ပေ။ ၂၀၁၇ ခုနှစ်ကလည်း Cambodia Daily နေ့စဉ်သတင်းစာကိုအခွန်တိမ်းရှောင်မှု အကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့ဖူးသည်။

 

Cambodia Daily သတင်းစာမှာ သတင်းဦး သတင်းထူးများနှင့် လေးနက်သော သတင်း အကြောင်းအရာများ ဖော်ပြလေ့ရှိပြီး ၀၁၈ အထွေထွေရွေးကောက်ပွဲ မတိုင်မီအချိန်လေးတွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ 

NN 27, ref:Reuters News 

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.