တရုတ်မိုးပျံဘောလုံးမှ အဓိကအာရုံခံအစိပ်အပိုင်းများကို ရှာဖွေတွေ့ရှိ…
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄/၂၀၂၃(နိုင်ငံတကာ)
ဖေဖော်ဝါရီလ(၄)ရက်က တောင်ကာရိုလိုင်းနား ကမ်းလွန်တွင် ပစ်ချခဲ့သည့် တရုတ်မိုးပျံဘောလုံး အပျက်အစီးများကို စစ်ဆေးခဲ့ရာ ထောက်လှမ်းရေးသတင်းအချက်အလက်များ စုဆောင်းရာတွင် အသုံးပြုသည့် အဓိက အာရုံခံအစိပ်အပိုင်း အပါအဝင် အရေးကြီးသော အီလက်ထရွန်နစ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောဆိုလိုက်သည်။
" ပျက်ကျသွားတဲ့နေရာက မိုးပျံဘောလုံးရဲ့ အဓိကအစိပ်အပိုင်းတွေကို ဆယ်ယူစစ်ဆေးလိုက်တဲ့အခါထောက်လှမ်းရေးသတင်းအချက်အလက်တွေ စုဆောင်းနိုင်တဲ့ ဆင်ဆာစနစ်အပါအဝင် အရေးကြီး အီလက်ထရွန်းနစ်ပစ္စည်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်" ဟု အမေရိကန်စစ်တပ်၊ မြောက်ပိုင်းစစ်ဌာနချုပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံသယဖြစ်ဖွယ် တရုတ်မိုးပျံဘောလုံးအား ပစ်ချလိုက်ပြီး မကြာမီ ပြီးခဲ့သည့် သောကြာနေ့ကမြောက်အမေရိက အလက်စကာတွင် နောက်ထပ်အမျိုးမည်မသိ ယာဉ်ပျံတစ်စီးကို ထပ်မံ တွေ့ရှိ၇သည့်အတွက် လေတပ်တိုက်လေယာဉ်များက ပစ်ချခဲ့၇သလို စနေနေ့တွင် ကနေဒါနှင့် အမေရိကန်နယ်စပ်အနီး၌ နောက်ထပ်အမျိုးမည်မသိ ယာဉ်ပျံတစ်စီးကို တွေ့ရှိကာ ပစ်ချခဲ့၇ပြန်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း နောက်ထပ်အမည်မသိယာဉ်ပျံတစ်စီး ထပ်မံတွေ့ရှိ၇သဖြင့်ပစ်ချခဲ့ရရာ သောကြာနေ့မှ တနင်္ဂနွေနေ့အထိ သုံးရက်အတွင်း အမည်မသိယာဉ်ပျံ သုံးစင်းကို အမေရိကန်လေတပ်က ပစ်ချခဲ့၇သည်။
နောက်ထပ်တွေ့ရှိပြီး ပစ်ချခဲ့၇သည့် အမည်မသိ ယာဉ်ပျံများမှာ အရွယ်အစား ပိုငယ်ပြီး မော်တော်ယာဉ်ငယ်တစ်စီး ပမာဏလောက်သာ ရှိသည်။ ထိုယာဉ်ပျံများအား မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံက ပိုင်ဆိုင်သည်ကို မသိရှိ၇သေးဘဲ ပစ်ချလိုက်သော အပိုင်းအစများကို ရှာဖွေစုဆောင်းနေဆဲဖြစ်သည်။ သို့သော် ပစ်ချရာဒေသများမှာ ရေခဲပြီး ဆီးနှင်းများထူထပ်နေသဖြင့် ရှာဖွေရန် အခက်အခဲ ရှိနေသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး အော်စတင်က နောက်ထပ်တွေ့ရှိ၇သည့် အမည်မသိယာဉ်ပျံများမှာ စစ်ရေးအ၇ မြေပြင်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိဘဲ မြို့ပြလေကြောင်းသွားလာမှုအတွက်သာအန္တရာယ်ရှိပြီး အဓိက ထောက်လှမ်းရေးသတင်းအချက်အလက် ၇ယူမှုအတွက်သာ စိုးရိမ်စရာရှိသည်ဟုဆိုသည်။
နောက်ထပ်တွေ့ရှိ၇သည့် အမည်မသိ ယာဉ်ပျံများမှာ သေးငယ်သည့်အတွက် ပစ်ချရာတွင် အခက်အခဲရှိခဲ့သည်ဟု သိ၇သည်။ နောက်ဆုံးတွေ့ရှိ၇သည့် ယာဉ်ပျံကို အက်ဖ်-၁၆ တိုက်လေယာဉ် တစ်စီးက Sidewider ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ပထမတစ်ကြိမ် ပစ်မှတ်လွဲချော်ခဲ့ပြီး နောက်တစ်ကြိမ်ကျမှ ထိမှန်ခဲ့သည်။
ref:cna