ဖေဖော်ဝါရီ၁၄/၂၀၂၃
ရုရှားသင်္ဘော၆၉စီး အား ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်းခွင့်မပြုရန် တားမြစ်ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ်အစိုး၇ကထုတ်ပြန်လိုက်သည်။
အမေရိကန်နှင့် အီးယူတို့၏ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှု နှင့်အညီ ဘင်္ဂလားဒေ့ရှ်ကလည်း ယခုကဲ့သို့ ပိတ်ပင်လိုက်၇ခြင်းဖြစ်သည်။
ထို့ကြောင့်ရုရှားသင်္ဘောများအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ သွင်းကုန်ပစ္စည်းများသယ်ဆောင်လာခြင်း၊ လောင်စာဆီဖြည့်ခြင်း၊ ကျောက်ချရပ်နားခြင်းနှင့် ရေကြောင်းလမ်း အသုံးပြုခြင်းများ ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်အစိုး၇သည်အဆိုပါထုတ်ပြန်ချက်အား ဝန်ကြီးဌာနများ၊ အေဂျင်စီများ၊ဆိပ်ကမ်း နှင့် သင်္ဘောလုပ်ငန်းများသို့ အသိပေးထားသည်။
အကျိုးဆက်အနေဖြင့်ဘင်္ဂလားဒေ့ရှ် နှင့် ရုရှားကြား ကုန်သွယ်ရေး အခက်အခဲဖြစ်သွားပြီဟုဆို၇မည်။
ဘင်္ဂလားဒေ့ရှ်သည်အလွန်တန်ဖိုးကြီးမားသည့် မီဂါပရောဂျက် တစ်ခုဖြစ်သော Rooppur နျုးကလီးယားဓါတ်အားပေးစက်ရုံ စီမံကိန်းကို ရုရှား၏ အကူအညီဖြင့် အကောင်အထည် ဖော်လျှက်ရှိသည်။
စီမံကိန်းအတွက်လိုအပ်သော အဓိကအစိတ်အပိုင်းများနှင့်စက်ပစ္စည်းများကို ရုရှားနိုင်ငံမှ တင်သွင်း နေ၇သည်။
မကြာသေးမီကရုရှားမှ စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်းများ သယ်ဆောင်လာသည့်သင်္ဘောတစ်စီးသည် အမေရိကန်၏ သံတမန်ရေးအ၇ ဖိအားပေးမှုကြောင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ဝင်ခွင့်မရဘဲပြန်လှည့်သွားခဲ့၇သည်။
သင်္ဘောသည်ပထမ အန္ဒိယဆိပ်ကမ်းတစ်ခုသို့ ဝင်ရောက်ပြီး ပစ္စည်းချရန်ကြိုးစားခဲ့သော်လည်းလုံး၀ ဝင်ခွင့်မရဘဲ ရုရှားသို့ ပြန်လှည့်သွားခဲ့၇ခြင်းဖြစ်သည်။“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တောင်းဆိုချက်အရ အမေရိကန်က ပိတ်ဆို့ထားတဲ့ ရုရှားသင်္ဘော၆၉ စီးဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းတွေဆီ ဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်၇ပါတယ်”ဟုဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေကြောင်းဌာနမှ သင်္ဘောမှတ်ပုံတင် အရာရှိကပ္ပတိန် ဆက်ဘီယာ မာမွတ် က ပြောကြားခဲ့သည်။
တားမြစ်ခံရသည့်သင်္ဘောများတွင် ရေနံတင်သင်္ဘောကြီးများအပါအဝင် ကုမ္ပဏီ (ရ)ခုမှကုန်တင်သင်္ဘောကြီးများ ပါဝင်သည်။ တားမြစ်ချက်အ၇ မည်သည့်နိုင်ငံမှ ကုန်ပစ္စည်းပင်ဖြစ်စေ ရုရှားအလံတင် သင်္ဘောဖြစ်လျှင် သွင်းကုန်တင်သွင်းခွင့် မရှိတော့ပေ။
“ ရုရှားအလံတင်သင်္ဘောတွေကိုပိတ်ဆို့အရေးယူထားတာ အမေရိကန် နဲ့ အီးယူ နိုင်ငံတွေပါ”ဟုဘင်္ဂလားဒေ့ရှ် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ချောင်ဒူရီကပြောဆိုခဲ့သည်။
ယခုကဲ့သို့ပိတ်ဆို့အရေးယူရခြင်းမှာ လက်ရှိဖြစ်ပွါးနေသော ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့်ဖြစ်သည်။
အမေရိကန်နှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှုနှင့်အညီ ဘင်္ဂလားဒေ့ရှ်က လိုက်ပါ ဆောင်ရွက်ရသော်လည်းယခုပိတ်ဆို့မှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ကုန်သွယ်ရေးကိုကြီးကြီးမားမား ထိခိုက်နိုင်မည်မဟုတ်ဟု ဆိုသည်။
ရုရှားသည်ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်နေသည့် ထိပ်တန်း နိုင်ငံ(၂၀)စာရင်းတွင်မပါဝင်ပေ။
NN-27
Ref:bdnews24.com/Bangladesh bars Russian ships fromits maritime territory after US section