Preview

ဘီဘီစီ၏ အိန္ဒိယရုံးများကို အိန္ဒိယ အခွန်အာဏာပိုင်များက ဝင်ရောက် စစ်ဆေးရှာဖွေ

ဖေဖော်ဝါရီ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :9272
နိုင်ငံတကာ သတင်း

မိုဒီ မှတ်တမ်းရုပ်ရှင်ပြသမှုနှင့် ဆက်စပ်နေဟုဆို 

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၃ (နိုင်ငံတကာ)

 အိန္ဒိယနိုင်ငံ၊ နယူးဒေလီ နှင့် မွမ်ဘိုင်းမြို့များရှိ ဘီဘီစီသတင်းဌာန၏ အိန္ဒိယရုံးခွဲများကို အိန္ဒိယ အခွန်အာဏာပိုင်များက ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ရုတ်တရက်ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိ၇သည်။ယခုရှာဖွေမှုမှာ လွန်ခဲ့သည့်လက ဘီဘီစီက ထုတ်လွှင့်ပြသခဲ့သည့် ဝန်ကြီးချုပ် မိုဒီအကြောင်း မှတ်တမ်း ရုပ်ရှင်နှင့် ဆက်စပ်ပတ်သက်မှု ရှိနိုင်သည်ဟု ဆိုသည်။ 

ယခုကဲသို့ ဝင်ရောက်ရှာဖွေစစ်ဆေးမှုနှင့် ပတ်သက်ပြီး လူ့အခွင့်ရေးအုပ်စုများက မိုဒီလက်ထက်အတွင်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတွင် သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေ၇ပြီဟု ပြောဆိုခဲ့သလို အတိုက်အခံ ကွန်ဂရက်ပါတီကလည်း မကြေညာသော အရေးပေါ်အခြေအနေတစ်ရပ်ကို အိန္ဒိယနိုင်ငံ ကျရောက်နေပြီဟု ပြောဆိုဝေဖန်လိုက်သည်။

အာဏာ၇ ဘာ၇တိယ ဂျာနာတာပါတီ၏ ပြောရေးဆိုခွင့်၇တစ်ဦးက ဘီဘီစီသည် အိန္ဒိယဆန့်ကျင်ရေးဝါဒ ဖြန့်လှုပ်ရှားမှုတွင် ပါဝင်နေပြီး ယခုကဲ့သို့ဝင်ရောက်စစ်ဆေးမှုမှာ  ပဒေနှင့်အညီသာဖြစ်ပြီး အန္ဒိယ အစိုး၇နှင့် သက်ဆိုင်ခြင်းမရှိဟု ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံဟာ အဖွဲ့အစည်းတိုင်းကို အခွင့်အရေးတွေ ပေးထားတဲ့ နိုင်ငံပါ။ ဒီအဖွဲ့အစည်းတွေက အဆိပ်တွေတွေ မှုတ်မထုတ်မချင်းပေါ့။"

ဒီနိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာနေသရွေ့ ခင်ဗျား ပုန်းနေစရာလည်း မလိုဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စတစ်ခုအပေါ် ဘာလို့ စိုးရိမ်ထိတ်လန့်နေ၇မလဲဟု ဂျာနာတာပါတီ ပြောရေးဆိုခွင့်ရှိသူ ဂေါ်ရက်ဗ်ဘာရှားက ပြောဆိုခဲ့သည်။

ဘီဘီစီသတင်းဌာနက " ဘီဘီစီသည် အာဏာပိုင်များနှင့် အပြည့်အ၀ ပူးပေါင်းလျှက်ရှိကြောင်း၊လက်ရှိအချိန်တွင် ဝင်ငွေခွန် အာဏာပိုင်များ (Income Tax authorities )က နယူးဒေလီ နှင့် မွမ်ဘိုင်းမြို့များရှိ ဘီဘီစီရုံးခွဲများကို၀င်ရောက် စစ်ဆေးနေကြကြောင်း၊ ပြဿနာများ မကြာမီ ပြေလည်သွားမည်  မျော်လင့်ကြောင်း၎င်း တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။ 

အိန္ဒိယရဲများသည် နယူးဒေလီမြို့လယ်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခု အထပ် နှစ်ထပ်ရှိ ဘီဘီစီ၏ နယူးဒေလီရုံးခွဲကို ကြိုးတားပြီးပိတ်ထားလိုက်ပြီဟု သိ၇သည်။ 

ဘီဘီစီဝန်ထမ်းတစ်ဦးက ၎င်းတို့၏ ဖုန်းများကို တာဝန်ရှိသူများက ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟုဆိုသည်။ 

ပြီးခဲ့သည့်လက ဘီဘီစီသည် အပိုင်း နှစ်ပိုင်းပါ ဝန်ကြီးချုပ်မိုဒီအကြောင်း မှတ်တမ်းရုပ်ရှင်ကိုထုတ်လွှင့် ပြသခဲ့ရာ ထိုရုပ်ရှင်တွင် ဂူဂျာရတ်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဘာသာရေးအဓိကရုဏ်းတွင်ဟိန္ဒူအမျိုးသားရေး အစွန်းရောက်ဝါဒီ မိုဒီက သွေးထွက်သံယိုမှုကို မသိကျိုးကျွံပြုနေခဲ့သည်ဟု ရိုက်ကူးပြသထားသည်။အဆိုပါ ဘာသာရေး အဓိကရုဏ်းတွင် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရာ အများစုမှာ မွတ်ဆလင် ဘာသာဝင်များ ဖြစ်သည်။ 

 အိန္ဒိယအစိုး၇သည် အဆိုပါ ဗီဒီယိုကို ဆိုရှယ်မီဒီယားများနှင့် YouTube တွင် ဖြန့်ဝေခြင်းမပြုရန် အမိန့်ဖြင့် ပိတ်ပင်ခဲ့သော်လည်း နောက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားများက အစိုး၇အမိန့်ကို ဆန့်ကျင်ပြီး ကျောင်းဝင်းအတွင်းပြသမှု ပြုလုပ်ခဲ့သည့်အတွက် ကျောင်းသား နှစ်ဆယ်ကျော်ကို ပြီးခဲ့သည့် ဇန်နဝါရီလကဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်နေတဲ့ သတင်းဌာနဲ့ အဖွဲ့အစည်းတွေကို အနှောက်အယှက်ပေးချင်ရင် အစိုး၇ အေဂျင်စီနာမည်တစ်ခုခုကိုသုံးပြီး ရုတ်တရက် အခွန် စစ်ဆေးတာမျို လုပ်တတ်တာ ရိုးနေပါပြီယခုကဲ့သို့ရုတ်တရက် အခွန်စစ်ဆေးမှုနှင့်ပတ်သက်ပြီး The Editors Guild ofIndia က ပြောဆိုသည်။ 

အခြားသော မီဒီယာအဖွဲ့စည်းများ၊ နိုင်ငံတကာ အခွင့်ရေးအုပ်စုများနှင့် ပြည်ပအလှူရှင် အဖွဲ့အစည်းများသည်လည်း အိန္ဒိယအခွန်အာဏာပိုင်များ နှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေးအဖွဲ့များ၏ ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုများ မကြာခဏ ကြုံနေ၇သည်။

 ပြီးခဲ့သည့်နှစ်က မာသာထရေဇာ လူမှုကူညီရေး အလှူခံအဖွဲမှာ အစိုး၇က အသင်းလိုင်စင် သက်တမ်းတိုးမပေးသည့် အတွက် ပြည်ပအလှူငွေ မရရှိတော့ဘဲ ရန်ပုံငွေ ယာယီပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရဖူးသလိုအိန္ဒိယရှိ နိုင်ငံတကာ လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရုံးအား ၂၀၂၀ခုနှစ်က တာဝန်ရှိသူများ ဝင်ရောက် ရှာဖွေစစ်ဆေးပြီးနောက် ဘဏ်စာရင်းကို ထိန်းချုပ်လိုက်ချိန်မှစ၍ အဖွဲ့ လုပ်ငန်းများရပ်ဆိုင်းသွားခဲ့၇ဖူးသည်။ 

ref: CNA 

 

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.