Preview

အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း နယူးဇီလန်တွင် တိုက်ခတ်၊ လူပေါင်း ၅၀၀၀ ကျော် ပျောက်ဆုံးနေပြီး ၉ဦးသေဆုံး

ဖေဖော်ဝါရီ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1957
နိုင်ငံတကာ သတင်း

ဖေဖော်ဝါရီ၁၈/၂၀၂၃

ပြီးခဲ့သည့်တနင်္ဂနွေနေ့က နယူးဇီလန်မြောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသများကိုဖြတ်သန်း တိုက်ခိုက်သွားခဲ့သော ဂါဘရီရယ်လ် မုန်တိုင်းကြောင့် သေဆုံးသူ ၉ ဦးအထိ ရှိလာပြီး တာဝန်ရှိသူများက အပျက်အစီးများဖယ်ရှား ရှင်းလင်းခြင်း နှင့်ပျောက်ဆုံးနေသူများအား ရှာဖွေခြင်းများဆက်လက်ပြုလုပ်လျှက် ရှိသည်။

အဓိကပျက်စီးဆုံးရှုံးမှုအများဆုံး ဒေသမှာ ဟော့ကီးပင်လယ်အော်ဒေသ ဖြစ်ပြီး စနေနေ့အထိသေဆုံးသူ (၉)ဦး ရှိလာပြီဟု ရဲများက ဆိုသည်။

အဓိကမုန်တိုင်းရိုက်ခတ်ခံရသော နေရာများသို့ အကူအညီအလျင်အမြန်ရောက်ရှိရေးကိုဦးစားပေး လုပ်ဆောင်နေပြီး ရိက္ခာ ၂၆ တန် တင်ဆောင်ထားသောရေတပ်သင်္ဘောတစ်စီး ဟော့ကီးပင်လယ်အော်ဒေသ နေပီယာမြို့သို့ သွားရောက်နေသည်။

ရိက္ခာနှင့် ရေများ တင်ဆောင်ထားသည့် လေတပ် ၇ဟတ်ယာဉ်များကလည်း မုန်တိုင်းကြောင့်အဆက်အသွယ်ပြတ်နေသည့် မြောက်ဘက် ၆၅ မိုင်အကွာရှိ တူတီရာ သို့ထွက်ခွါသွားသည်ဟု သိ၇သည်။

ဝန်ကြီးချုပ်ခရစ် ခရစ်ဟစ်ကင် က မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် ကျွန်းမြောက်ဘက်တစ်လျှောက်လုံး နာရီမလပ် ကြိုးစားလုပ်ကိုင်ပေးနေသူများရှိနေသည်ဟုပြောကြားသည်။

ဟစ်ကင်က ယခုတိုက်ခတ်သွားသော ဂါဘရီရယ်လ် မုန်တိုင်းသည် ရာစုနှစ်အတွင်း အပြင်းထန်ဆုံး နယူးဇီလန်ကို တိုက်ခတ်သွားသည့်မုန်တိုင်းဖြစ်ပြီး အဆက်အသွယ်ပြတ်တောက်နေသူများကိုဆက်လက်ရှာဖွေနေစဉ် သေဆုံးသူများ ထပ်မံတိုးပွားလာနိုင်သည်ဟုဆိုသည်။

မုန်တိုင်းဝင်ရောက်ချိန်မှစ၍ သောကြာနေ့ည အထိ မိသားစုများ၊ မိတ်ဆွေများနှင့်အဆက်အသွယ် မ၇ဘဲ ပျောက်ဆုံးနေသူ ၅၀၀၀နီးပါးရှိနေပြီး ၈၈၅ ဦးသာ အဆက်အသွယ်၇သည်ဟုဆိုသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အိမ်ထောင်စု ၆၂၀၀၀ လျှပ်စစ်ဓါတ်အားပြတ်တောက်နေပြီး၎င်းတို့အနက် ၄၀၀၀၀ မှာ လူဦးရေ ၁၇၀၀၀၀ ရှိ ဟော်ကီးပင်လယ်အော်ဒေသတွင်ဖြစ်သည်။

လူဦးရေ၂၀၀၀ နီးပါး ဟော်ကီး ဒေသ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြ၇ပြီး လူပေါင်း ၁၀၀၀ အထိ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရန် လိုအပ်နေသည်။

" ကျွန်တော်တို့အလုပ်တွေ ဆက်မလုပ်နိုင်ဘဲ ဖြစ်နေတယ်။ အဓိက ကတော့ အလှမ်းဝေးပြီးအဆက်ပြတ်နေတဲ့ လူတွေအတွက် သောက်သုံးရေ ရရှိရေး နဲ့ ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ ပြန်လည် တပ်ဆင်နိုင်ရေးပဲ" ဖြစ်တယ်လို့ ဟော်ကီဘေး ဒေသမြောက်ပိုင်း၊ တိုင်ရောဟီတီ ဂစ်စ်ဘုန်းမှအရပ်ဘက်ကာကွယ်ရေး ခေါင်းဆောင် ဘင်ဂရင်းက ပြောကြားခဲ့သည်။

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.