နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၃ (နိုင်ငံတကာ)
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၆)ရက်နေ့ကအင်အား(၇.၈)ရှိ ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ရာတူ၇ကီတောင်ပိုင်း နှင့် ဆီးရီးယားမြောက်ပိုင်းဒေသတွင်တနင်္လာနေ့ညနေပိုင်းက နောက်ထပ် အင်အား ၆ ဒဿမ၄ မဂ္ဂနီကျုရှိ ငလျင်တစ်ခုထပ်မံ လှုပ်ခတ်သွားခဲ့ရာ သေဆုံးဒဏ်ရာရရှိမှုများနှင့်အတူ ပျက်စီးဆုံးရှုံးမှုများ ထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း သိရှိ၇သည်။
တူ၇ကီတောင်ပိုင်း ဟာတေးပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့်အဆိုပါငလျင်ကြောင့် လတ်တလောတွင် လူ ၆ဦးသေဆုံးပြီး ၃၀၀ နီးပါး ဆေးရုံတင်ထား၇သည်ဟု သိ၇သည်။ ဆီးရီးယားနိုင်ငံ ဘက်ခြမ်း အလက်ပိုဒေသတွင်လည်းဒဏ်ရာရရှိသူ ၁၅၀ ခန့်ရှိသည်ဟုဆီးရီးယား ခမောက်ဖြူအဖွဲ့က ဆိုသည်။
တနင်္လာနေ့ ည ၈နာရီအချိန် တူ၇ကီနိုင်ငံ ဒက်ဖနီမြို့တွင် လှုပ်ခတ်သွားသည့် ငလျင်ကို အန်တက်ယာမြို့ နှင့် လီဘာနွန်နိုင်ငံအထိ သိရှိခံစား၇သည်။
နောက်ထပ် သုံးမိနစ်အကြာတွင် အင်အား ၅ ဒဿမ ၈ ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်သွားကြောင်းနှင့်မိနစ် ၂၀ အကြာတွင် ထပ်မံ၍ အင်အား ၅ဒဿမ၂ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တူ၇ကီ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားခဲ့သည်။
အန်တက်ယာမြို့ ဆေးရုံ အထူးကုသဆောင်မှလူနာများ ရွှေ့ပြောင်းနေကြပုံနှင့် အက်စ်ကန်ဒီရန်မြို့ ဆေးရုံမှ လူနာများ နေရာပြောင်းရွှေ့ပေးနေပုံများကိုတူရကီရုပ်သံသတင်းများတွင် တွေ့မြင်ကြ၇သည်။
အန်တက်ယာမြို့တွင် ထပ်မံလှုပ်ခတ်သော ငလျင်ကြောင့် လူအများအထိတ်တလန့် ဖြစ်နေကြသလို အဆောက်အဦးများ ထပ်မံပြိုကျပြီးဖုန်လုံးကြီးများ ထွက်ပေါ်နေသည်။ ကယ်ဆယ်ရေးအတွက်စောင့်မျှော်နေဆဲမှာပင် အဆောက်အဦးနံရံများ ပြိုကျလာသဖြင့် လူများ ထွက်ပြေးကြ၇သည်။
“ ဘာလုပ်၇မှန်း မသိတော့ဘူး။ ကျနော်တို့တစ်ယောက်ကို တစ်ယောက် ဖက်ထားကြတုန်းမှာပဲအဆောက်အဦး နံရံတွေက ပြိုကျလာတယ်။ မြေကြီးက ကျနော်တို့ကို မြိုချဖို့ ပါးစပ်ဟလိုက်သလိုပါပဲ” ဟု အန်တက်ယာမြို့တွင်နေထိုင်သူ အလီမတ်ဇလန် က အေအက်ဖ်ပီ သို့ ပြောဆိုခဲ့သည်။
“ လမ်းတွေက လှိုင်းတွေလို လှုပ်ရှားနေတယ်။ အဆောက်အဦးတွေက ရှေ့တိုး နောက်ငင်ဖြစ်နေတယ်။ ကားတွေက ဘယ်ညာ ယိမ်းထိုးနေတယ်။ ခြေထောက်တွေ မြေကြီးပေါ် ရပ်နေလို့မ၇တော့ဘူး။ “
“ ဟာတေးက လုံခြုံတဲ့နေရာတစ်ခု မဟုတ်တော့ဘူး။ အဆောက်အဦးတွေ အများကြီး ပြိုကျနေတဲ့ အသံကိုကျွန်တော်တို့ကြားနေ၇တယ်၊ နောက်တစ်နေ့ ရောက်ဖို့ စောင့်နေ၇ပေမယ့် ဘယ်သွား၇မယ်ဆိုတာလည်း မသိတော့ဘူး” ဟု အန်တက်ယာမြို့မှ မာမက် အာမက် ဆိုသူက ပြောကြားခဲ့သည်။
တူ၇ကီ သဘာ၀ဘေးဒဏ်တုန့်ပြန်ရေး AFAD ၏ အဆိုအ၇ လူပေါင်း ၄၅၀၀၀ ကျော် သေဆုံး၇သည့် မဂ္ဂနီကျု ၇ ဒဿမ ၈ အင်အားရှိ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းထိုဒေသတွင် ငလျင်ငယ် ကြိမ်ရေ စုစုပေါင်း ၆၂၀၀ လှုပ်ခဲ့ပြီးဖြစ်သည်ဟု သိ၇သည်။ (NN-27)
Ref:CNA