Preview

နျူကလီးယားလက်နက်ဆိုင်ရာစာချုပ်(START)တွင် ပါဝင်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သမ္မတပူတင် ထုတ်ပြန်ကြေညာ

ဖေဖော်ဝါရီ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :8741
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဖေဖော်ဝါရီ ၂၂/၂၀၂၃(နိုင်ငံတကာ)

 

အမေရိကန်နိုင်ငံ နှင့် သဘောတူ ချုပ်ဆိုထားသော မဟာဗျူဟာ နျူးလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာသဘောတူစာချုပ် (START) တွင်ပါဝင်ခြင်းမှ ရုရှားနိုင်ငံ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သမ္မတပူတင်က ရုရှားလွှတ်တော်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 

 

စ်ဆက်တည်းပင် နျူးကလီးယားလက်နက်မဟာဗျူဟာစနစ်ကို တိုက်ပွဲဝင်ရန် အသင့်အနေအထား ပြင်ဆင်ထားခိုင်းလိုက်ပြီး နျူးကလီးယားစမ်းသပ်မှုများကို အမေရိကန်က စတင်စမ်းသပ်လာလျှင်)ပြန်လည်ပြုလုပ်တော့မည်ဟု ပြောကြားလိုက်သည်။ 

 

ယူကရိန်းနိုင်ငံအား စစ်ရေးအ၇ ကျူးကျော်ဝင်ရောက်ခဲ့ပြီး တစ်နှစ်အကြာတွင် ရုရှားနှင့် အနောက်အုပ်စု နိုင်ငံများအကြား ဆယ်စုနှစ်ခြောက်ခု အတွင်း အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်မှုနှင့် ရင်ဆိုင်နေ၇စဉ် ပူတင်က ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး နေတိုးနှင့် အနောက်အုပ်စုနိုင်ငံများက ရုရှားနိုင်ငံကို ဖျက်ဆီးရန်ကြိုးပမ်းနေကြသည်ဟု ပူတင်က စွပ်စွဲလိုက်သည်။ 

 

အနောက်အုပ်စု ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ရည်မှန်းချက်ကို ဖုံးကွယ်မထားနိုင်ကြဘူး။ ဒါပေမယ့်စစ်မြေပြင်မှာ ရုရှားကို သူတို့အနိုင်မ၇နိုင်ဘူးဆိုတာ သူတို့သဘောမပေါက်ကြဘူးဟု ပူတင်က ပြောကြားခဲ့သည်။ 

 

အမေရိကန်သည် ယူကရိန်းတွင်ဖြစ်ပွားနေသော စစ်ပွဲကို ကမ္ဘာ့အရေးအခင်းကြီး တစ်ခုအဖြစ် ဖန်တီးနေကြောင်း နှင့် အမေရိကန်နှင့်ချုပ်ဆိုထားသည် နျူးကလီးယားလက်နက်ဆိုင်ရာ သဘောတူစာချုပ်သစ် NewSTART Treaty တွင် ပါဝင်ခြင်းမှ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

START သဘောတူစာချုပ်မှာ ၂၀၁၀ ပြည့်နှစ်က အမေရိကန်သမ္မတအိုဘားမားနှင့်  ရုရှားသမ္မတ ဒီမစ်ထရီမက်ဗီဒက်တို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည့်နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် နျူးကလီးယားလက်နက် အရေအတွက် ကန့်သတ်ရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည်။ စာချုပ်တွင် နျူးကလီးယား လက်နက်စခန်းများ ကို အပြန်အလှန် စစ်ဆေးကြည့်ရှုရေးသဘောတူညီချက်လည်း ပါဝင်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ် သက်တမ်းရှိသော်လည်း ယူကရိန်းစစ်ပွဲ ဖြစ်ပွားချိန်မှစ၍ အပြန်အလှန် စစ်ဆေးမှုများ ရပ်ဆိုင်းသွားခဲ့သည်။ 

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပူတင် ဆုံးဖြတ်ချက်မှာ အလွန့်အလွန် စိတ်မကောင်း စရာနှင့် တာဝန်ကင်းမဲ့မှု တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

နေတိုးအတွင်းရေးမှူး စတိုလ်တင်ဘာ့ဂ်က ကမ္ဘာကြီးအတွက် အန္တရာယ် ကြီးမားစေပြီး ပူတင်အား ပြန်လည် စဉ်းစားရန် တိုက်တွန်းခဲ့သည် 

 

"အမေရိကန်ဘက်က နျူးကလီးယားလက်နက် စမ်းသပ်မှု လုပ်လာခဲ့ရင် ကျွန်တော်တို့ကလည်း လုပ်၇မှာပဲဟုပူတင်က ပြောကြားခဲ့သည်။ 

 

ပြီးခဲ့တဲ့အပတ်ကပဲ မြေပြင်အခြေစိုက် မဟာဗျူဟာစနစ်တွေကို တိုက်ပွဲဝင် အနေအထားရှိနေဖို့ အမိန့်ပေးထားလိုက်ပြီဟု မိန့်ခွန်းတွင် ထည့်ပြောသွားခဲ့သည်။ 

 

ပူတင်က ယူကရိန်းသည် ရုရှားအတွင်းပိုင်းအထိ ဝင်ရောက်ပြီး ၎င်းတို့ နျူးကလီးယား ဗုံးကြဲ ေယာဉ်စခန်းများကို တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဟုလည်း ပြောကြားခဲ့သည်။ 

 

ရုရှား နှင့် အမေရိကန်တို့သည် ကမ္ဘာ့ နျူးကလီးယားထိပ်ဖူး အရေအတွက် အားလုံး ၉၀ကို ပိုင်ဆိုင်ထားသော နိုင်ငံများဖြစ်ကြသည်။

 

မဟာဗျူဟာ လက်နက်ထိန်းချုပ်ရေး ဘောတူစာချုပ် START အ၇ တစ်နိုင်ငံလျှင် နျူးကလီးယား ထိပ်ဖူးအရေအတွက် ၁၅၅၀ အထိသာ ပိုင်ဆိုင်ရန် ကန့်သတ်ထားသည်။ (NN-27)

ref:Reuters 

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.