Preview

မြန်မာဘက်ကို နွားဝင်ခိုးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မြေမြုပ်မိုင်းပေါက်ပြီး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1766
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၃

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်(ရွာတော်) ခရိုင်ထဲကနေ မြန်ဘက်ကို ဝင်ရောက်ပြီး ခိုးထားသော  နွားတစ်ကောင်ကို ယူဆောင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးသည် နယ်စပ်မှာမိုင်းပေါက်ပြီး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ Dhaka Tribune က သတင်းဖော်ပြသည်။

 

ဒဏ်ရာရရှိသွားသူမှာ ဂိုလန်အက်ဘာ(Golam Akbar) ဆိုသူဖြစ်ကြောင်းဘင်ဒရိုဘင်မြို့နယ် ဥက္ကဋ္ဌ NurulAbsar က အတည်ပြုခဲ့သည်။

 

ဒေသခံတွေကို ကိုးကားပြီး ဥက္ကဋ္ဌ Nurul Absar က ဂိုလန်ဟာ  Jumchhari နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ဝင်ပြီး ခိုးထားတဲ့ နွားတစ်ကောင်ကို ယူလာဖို့ နယ်စပ်ရဲ့ သုညမျဉ်းကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီတုန်းက မြေမြှုပ်မိုင်းပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန်၇သွားတယ်ဟု ပြောသည်။

 

သူက ထပ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာ၇သူဟာ ကော့စ်ဘဇားခရိုင် ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်ဟု ပြောသည်။

 

လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဘင်္ဂလာဘက်က နွားခိုးဂိုဏ်းများကအဖွဲ့ဝင်များသည် ဘင်ဒရိုဘင် ခရိုင်  နတ်ကျောက်ဆရီမြို့နယ် နယ်စပ်တစ်လျှောက်ရှိ ဘင်္ဂလာဒေ့ရှ် အုပ်ချုပ်ရေးအဖွဲ့များကို ၇ှောင်ရှားပြီး နေ့စဉ်ရာနှင့်ချီသော ခိုးနွားများကို မြန်မာနိုင်ငံ ၇ခိုင်ပြည်နယ်ဘက်ကနေ သယ်ဆောင်လာခဲ့ကြသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။  

 

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘန်ဒရိုဘင်ခရိုင်၊နတ်ကျောက်ဆရီ မြို့နယ်၊ အူဇီလာတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် နောက်ထပ် ဘင်္ဂလားဒေ့ရှ် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟုဆိုသည်။

 

Ref: Dhaka Tribune

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.