လွန်ခဲ့သည့် ကြာသပတေးနေ့က ကော့စ်ဘဇားခရိုင် အူကီးယား (Ukhiya) မြို့နယ်တွင် တည်ရှိသည့် မြန်မာနိုင်ငံက မွတ်ဆလင်ဒုက္ခသည်များနေထိုင်ရာ ကူတူပါလောင် ဒုက္ခသည် စခန်းတစ်ခုတွင် သေနတ်သမားများပစ်ခတ်သွား၍ဒုက္ခသည်ခေါင်းဆောင်တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ကူတူပါလောင် အမှတ်(၅) ဒုက္ခသည်စခန်းရှိC-2အကွက်မှ လက်ထောက်လူထု ခေါင်းဆောင်မိုဟာမတ် ဆလိမ်း (Mohammad Salim) အသက်(၂၈) နှစ်အရွယ် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။
၎င်းသည် ဗုဒ္ဒဟူးနေ့ ညက အမည်မသိသေနတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့၇ပြီးကြာသပတေးနေ့ နေ့လယ်၁၂း၃၀ နာရီခန့်တွင်စစ်တကောင်းဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း အူကီးယားရဲစခန်းက ရဲအရာရှိ SheikhMohammad Ali ထပ်လောင်းပြောကြားခဲ့သည်။
မိုဟာမတ်ဆလိမ်းသည် စေတနာ့ဝန်ထမ်းစောင့်ကြည့်ရေး တာဝန်ယူနေစဉ် မျက်နှာဖုံးစွပ် ရာဇဝတ်ကောင်များ၏သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကိုခံခဲ့၇ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဘင်္ဂလာ ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ပြင်းထန်စွာဒဏ်ရာရရှိသွားသဖြင့် စခန်းရှိ ဆေးရုံမှ စစ်တကောင်း ဆေးကောလိပ် ဆေးရုံသို့ ယူဆောင်သွားခဲ့သော်လည်းသေဆုံးခဲ့သွားကြောင်း ဆရာဝန်များက ရဲလက်ထောက်အရာရှိကို ပြောကြားခဲ့သည်ဟု ဆိုသည်။
လက်နက်ကိုင်ရဲတပ်ရင်း(APBN) မှဒုတိယစစ်ဆေးရေးမှူးချုပ် (ADIG) တပ်မှူး Shayed Harun-ur-Rashidက မိုဟာမတ်ဆလိမ်းသည်နယ်မြေအတွင်း ဩဇာအာဏာကြီးလာခြင်းကြောင့်အသတ်ခံခဲ့ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
“လူသတ်မှုမှာ ပါဝင်ပတ်သက်သူတွေကိုဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အလောင်းကိုခွဲစိပ်စစ်ဆေးပြီးနောက် မိသားစုဝင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း အူကီးယား ရဲစခန်းမှရဲအရာရှိ SheikhMohammad Ali ကပြောသည်။
Ref: ProthomAlo English Desk