နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၃ (နိုင်ငံတကာ)
တူ၇ကီနှင့် ဆီးရီးယားတွင် ဖေဖော်ဝါရီလ(၆)ရက်နေ့က လူပေါင်း ၅၀၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီးပျက်စီး ဆုံးရှုံးမှုကြီးမားသော ကြောက်မက်ဖွယ် ငလျင်လှုတ်ခတ်မှု ဖြစ်စဉ်ကို သတင်းထုတ်လွှင့် ပေးပို့ခဲ့သူ တူ၇ကီ သတင်းထောက် အလီကိုစီဆိုသူအား "မမှန်သတင်း ထုတ်လွှင့်မှုဖြင့်"တူရကီရဲများက ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်ဟု သိ၇သည်။
တူ၇ကီ၏ မကြာမီက ပြဌာန်းခဲ့သော "သတင်းမှားထုတ်လွှင့်မှု ဥပဒေ" (disinformation law ) အ၇ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်ဟု သိ၇ပြီး အလီကိုစီ ကဲ့သို့ပင် မြေငလျင် သတင်းပေးပို့ခြင်းနှင့် ထင်မြင်ချက်ပြောကြားခဲ့သူ အခြားသတင်းထောက် သုံးဦးကိုလည်း တူရကီရဲများကဖမ်းဆီးစစ်ဆေးနေသည်ဟု သိ၇သည်။
ဖေဖော်ဝါရီလ(၆)ရက် တူ၇ကီငလျင်ကြီး လှုတ်ခတ်စဉ် အလီကိုစီသည် မြေငလျင်ဗဟိုချက်မှ မိုင် ၂၀၀နီးပါးဝေးသော မြို့တွင် ရှိနေပြီး ငလျင် လှုပ်လျှင် လှုပ်ခြင်း သူသည် ကင်မရာ နှင့် မိုက်ခရိုဖုန်းကို ဆွဲယူကာငလျင်လှုပ်ရာဒေသသို့ အလျင်အမြန်ထွက်ခွါသွားပြီး အသက်ရှင် ကျန်ရစ်သူများကို တွေ့ဆုံမေးမြန်းခဲ့သည်။
အသက်ရှင်ကျန်ရစ်ကြသူများ၊ ကယ်ဆယ်ရေးလုပ်သားများနှင့် ပတ်သက်သည့် သတင်းများကို ချက်ချင်းဆိုသလို တွစ်တာ ပေါ်တွင် သူ ဝေမျှခဲ့သည်။ ထိုသို့ သတင်းပေးပို့မှုကို "သတင်းမှား ဖြန့်ဝေမှု" သံသယဖြင့်ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သတင်းလွတ်လပ်ခွင့် အုပ်စုများ၏ အဆိုအ၇ တူ၇ကီတွင် ငလျင်သတင်းပေးပို့ ထုတ်လွှင့်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေ၇သူ ဆယ့်နှစ်ဦးအထက် ရှိနေပြီဟုသိ၇သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တူ၇ကီအာဏာပိုင်များ ဘက်က တစ်စုံတရာ မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။
ငလျင်လှုပ်သည့် ညက ကိုစီသည် သူနေထိုင်ရာ တူရကီအရှေ့တောင်ပိုင်း ဒီယာဘာကီယာမြို့ တိုက်၀ရန်တာတွင် ဆေးလိပ်သောက်နေသည်။ သူသည် ကာ့ဒ်လူမျိုး သတင်းထောက်တစ်ဦးဖြစ်ပြီး Bianet နှင့်Duvar အစရှိသည့် အတိုက်အခံလိုလားသော သတင်းဌာနများသို့ သတင်းပေးပို့နေသူဖြစ်သည်။ ရုတ်တရက်သူ၏ ခွေးနှစ်ကောင် ထဟောင်သံကို သူကြားလိုက်သည်။
ယခုလို ခွေးဟောင်ပုံမျိုးကို ၂၀၂၀ပြည့်နှစ်က တူရကီအရှေ့ပိုင်းတွင် ငလျင်ငယ်တစ်ခု မလှုပ်မီအချိန်လေးတွင် သူတွေ့ခဲ့ဖူးသည်ကို သတိ၇လိုက်သည်။
" ရုတ်တရက် တစ်ကိုယ်လုံး လှုပ်ခါသွားတာကို သိလိုက်တယ်။ တစ်အိမ်လုံး လှုပ်နေတာကို သိလိုက်တယ်။တီဗီတွေလည်း လှုပ်နေတယ်"ကိုစီက သူ့အတွေ့အကြုံကို ပြောပြသည်။ ခွေးနှစ်ကောင်နှင့်အတူ ထမင်းစားစားပွဲအောက် ခဏ ဝင်ခိုပြီး အပြင်ကို သူထွက်ခဲ့သည်။
ဒီယာဘာကီယာမြို့မှ ငလျင်လှုပ်ခတ်ရာ ဂါဇီယန်တက်မြို့သို့ သူ ကားမောင်း ထွက်လာခဲ့သည်။
ဂါဇီယန်တက်တွင် သူမြင်တွေ့လိုက်၇သည့်မြင်ကွင်းများကြောင့် အတော့်ကို တုန်လှုပ်သွားသည်။ ပြိုကျနေသော အဆောက်အဦးအပျက်အစီးများစွာနှင့် အလွန်အေးစက်သော နှင်းမိုးများကြားက ငလျင်ဒုက္ခသည်များကို သူမြင်လိုက်၇သည်။
ဂါဇီယန်တက်တစ်မြို့တည်းမှာပင် သေဆုံးသူစုစုပေါင်း ၃၀၀၀ ကျော်ရှိသည်ဟု သိ၇သည်။
" မိုက်ကရို ဖုန်းကို ကိုင်ထားရင်းနဲ့ ကင်မရာရှေ့မှာ၊ ကင်မရာနောက်မှာနေရင်း ကျွန်တော် မျက်ရည် မထိန်းနိုင်တော့ပါဘူး"ဟု ကိုစီက ပြန်ပြောပြခဲ့သည်။
တူ၇ကီအနောက်ပိုင်းမှ ကယ်ဆယ်ရေးလုပ်အားပေးများ၊ ကယ်ဆယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာကြပြီး ကူညီကယ်ဆယ်နေကြပုံများကို Twitter ပေါ်တွင် သူဖြန့်ဝေခဲ့သည်။ အချို့ ငလျင်ဒုက္ခသည်များက ရက်ပေါင်း အတန်ကြာသည်အထိ သူတို့ဆီ ဘာအကူအ ညီမှ ရောက်မလာပုံကိုလည်း သူ့ကို ပြောပြကြသည်။
ငလျင်ဒဏ်ခံဒေသများသို့ တူ၇ကီသမ္မတ အာဒိုဂန် ရောက်ရှိလာပြီး ပျက်စီးသွားသောမြို့များကို အမြန်ဆုံးပြန်လည်တည်ဆောက်ပေးမည်ဟု ဒေသခံများကို ပြောကြားခဲ့သလို သတင်းမှားထုတ်လွှင့်ပြီး မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ရေးသားသည့် မီဒီယာများကိုလည်း သတိပေးသွားခဲ့သည်။
ကိုစီ၏ ပြောပြချက်အ၇ ငလျင်ဒဏ်ခံဒေသမှ သတင်းများကို သူထုတ်လွှင့်နေစဉ်မှာပင် သူနေထိုင်ရာ ဒီယာဘာကီယာ မြို့မှ ရဲများက သူ့အိမ်သို့ ရောက်ရှိလာပြီး ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု သိ၇သည်။
ရဲစခန်းရောက်သောအခါ သူ့အား မကြာမီက ထုတ်ပြန်ခဲ့သည့် " သတင်းမှား ထုတ်လွှင့်မှု ဥပဒေ"disinformation law ဖြင့် စုံစမ်းစစ်ဆေးမည်ဟု ပြောသည်။ ရဲများက သူသည် ငလျင်ဒဏ်ခံဒေသမှသတင်းများ ပေးပို့ရာတွင် မမှန် သတင်းများ ထည့်သွင်းပေးပို့ခဲ့သည့်အပေါ် စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။
တူ၇ကီနိုင်ငံတွင် မမှန်သတင်းထုတ်လွှင့်ခြင်း ဥပဒေ (disinformation law)ကို ပြီးခဲ့သည့် အောက်တိုဘာကမှစတင်ထုတ်ပြန်ခဲ့သည်။ ဥရောပ စောင့်ကြည့်ရေးကောင်စီ၊ ဗင်းနစ်ကော်မရှင်က ယခု ဥပဒေမှာ လွတ်လွပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဝင်ရောက်စွက်ဖက်သည့် ဥပဒေဟု ဆိုသည်။ အတိုက်အခံများက ဆင်ဆာဥပဒေ( censorshiplaw) ဟု ခေါ်တွင်သည်။
တူ၇ကီ သတင်းထောက် ကိုစီက သူသည် သူ၏ အလုပ်ကို တိတိကျကျ သေသေချာချာလုပ်ကြောင်း၊တွေ့ဆုံမေးမြန်းရာတွင် အသက်ရှင်ကျန်ရစ်သူများသာမက ရဲများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကျားမ မခွဲဘဲ ဘက်ပေါင်းစုံကို မေးမြန်းခဲ့ကြောင်းပြောကြားခဲ့သည်။
" ကျွန်တော်က သတင်းတွေကို သေသေချာချာ စုံစမ်းလေ့လာပြီးမှ ရေးသားခဲ့တာပါ" ဟု သူက ပြောသည်။
NN-27
Ref:BBC World