Preview

အင်ဒိုနီးရှား မီရာပီ မီးတောင်ပေါက်ကွဲ အနီးဝန်းကျင်ရှိ ရွာများ ပြာများဖုံးလွှမ်းခဲ့

မတ် ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :2305
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊မတ်၁၂/၂၀၂၃(နိုင်ငံတကာ)

အင်ဒိုနီးရှားနိုင်ငံတွင် စနေနေ့က မီရာပီ မီးတောင် ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ မီးခိုးနှင့် ပြာများမှုတ်ထုတ်မှုကြောင့် အနီးဝန်းကျင်ရှိ ရွာများကို ပြာများဖုံးလွှမ်းသွားခဲ့သည်ဟု သိ၇သည်။

 

မီရာပီ မီးတောင်မှာ အင်ဒိုနီးရှား၏ အမြဲလှုပ်ရှားနေသော မီးတောင်ရှင်တစ်ခု ဖြစ်သည်။

 

မီးတောင်ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးမှုသတင်း မရရှိသေးပေ။

 

ဒေသ သတင်းမီဒီယာ Kansas TV ထုတ်လွှင့်ချက်အ၇ မီးတောင်အနီးတစ်ဝိုက်ရှိ ကျေးရွာနေအိမ်များနှင့် လမ်းများတွင် ပြာများဖုံးလွှမ်းနေသည်ကို မြင်တွေ့၇သည်။

 

မီးတောင်ပေါက်ကွဲရာနေရာမှာ ဂျာဗားကျွန်း၊ ယိုဂျာကာတာမြို့ အနီးတွင် ဖြစ်သည်။

 

မီးတောင်ပတ်ဝန်းကျင် ငါးမိုင် ကို အန္တရာယ်ဇုန်အဖြစ် အာဏာပိုင်များက ကြေညာထားသည်။

 

နောက်ထပ်ပေါက်ကွဲမည့် အန္တရာယ်ရှိသည့်အတွက် မီးတောင်အနီးဝန်းကျင်တွင် မည်သည့်ကိစ္စမျှ မလုပ်ကြရန် နှင့် အနီးသို့ မသွားကြရန် သက်ဆိုင်ရာက ညွှန်ကြားထားသည်။

 

မီးတောင်ပေါက်ကွဲမှုကြောင့် အနီးရှိ ကျေးရွာရှစ်ရွာတွင် ထိခိုကပျက်စီးမှုရှိသည်ဟု မီရာပီ မီတောင်လေ့လာရေးဌာနက ပြောသည်။ အကြီးမားဆုံး မီရာပီ မီးတောင်ပေါက်ကွဲမှု ၂၀၁၀ ပြည့်နှစ်က နောက်ဆုံးအကြိမ် ဖြစ်ပွါးခဲ့ရာ လူပေါင်း ၁၃၀၀ခန့် သေဆုံးခဲ့သည်။

 

ပစိဖိတ် မီးစက်ဝန်း(Ring of Fire) ပေါ်တွင် တည်ရှိနေသော အင်ဒိုနီးရှားတွင် အမြဲတမ်း လှုပ်ရှားနေသော မီးတောင်ရှင်ပေါင်း ၁၃၀ ရှိသည်ဟု သိ၇သည်။

NN-27

ref:CNA

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.