Preview

အကောင်းဆုံး သရုပ်ဆောင် အမျိုးသမီး အော်စကာဆု မီရှဲလ်ယိုရရှိ

မတ် ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :2248
နိုင်ငံတကာ သတင်း

(ာရှနိုင်ငံများထဲမှ ပထမဦးဆုံး အမျိုးသမီးသရုပ်ဆောင်အော်စကာဆုရရှိသူအဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့)

 နိရဉ္စရာ၊ တ် ၁၃/၂၀၂၃ (နိူင်ငံတကာ)

(၉၅)ကြိမ်မြောက်ဟောလီးဝုဒ် အော်စကာဆုပေးပွဲအခမ်းအနားကို မတ်လ(၁၂)ရက်နေ့က အမေရိကန် ပြည်ထောင်စု၊လော့စ်အိန်ဂျယ်လိစ်မြို့တွင် ကျင်းပခဲ့ရာ အာရှနိုင်ငံများထဲမှပထမဦးဆုံးအဖြစ် နာမည်ကျော် မလေးရှားနိုင်ငံသူ သရုပ်ဆောင်မီရှဲယိုက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို Everything EverywhereAll at Once ဇာတ်ကားဖြင့်ဆွတ်ခူးရရှိသွားခဲ့သည်။

ယခုနှစ်အော်စကာဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံးဆု(၁၁)ဆု ရရှိမည်ဟုကြိုတင်ခန့်မှန်းထားသည့်Everything Everywhere All at Once ဇာတ်ကားက စုစုပေါင်း အော်စကာဆု(ရ)ဆု ရရှိပြီး စံချိန်တင်သွားခဲ့သည်။

အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို မီရှဲယို က ရရှိခဲ့ပြီး အဆိုပါဇာတ်ကားမှကီဟွိုင်ကွမ် က အကောင်းဆုံး အမျိုးသားဇတ်ပို့ဆု နှင့် ဂျေမီလီးကားတစ် က အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို လက်ခံ ရရှိကြသည်။

ထို့အပြင်အဆိုပါဇာတ်ကားသည် အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနှင့် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုများလည်း ရရှိသွားခဲ့သည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အော်စကာဆုကို TheWhale ဇာတ်ကားမှမင်းသား ဘရန်ဒန် ဖရေဇာ က ဆွတ်ခူးရရှိခဲ့သည်။

Everything Everywhere All at Once ဇာတ်ကားတွင်သရုပ်ဆောင် မီရှဲယိုက အမေရိကန်သို့ပြောင်းရွှေ့အခြေချသူ အဝတ်လျှော်စက်ပိုင်ရှင် အက်ဗလင် ဝမ် အဖြစ်သရုပ်ဆောင်ထားသည်။

အဆိုပါရုပ်ရှင်မှာစိတ်ကူးယဉ်သိပ္ပံ ဟာဟ ဇာတ်ကားအမျိုးအစားဖြစ်သည်။

အော်စကာဆု လက်ခံရယူစဉ် မီရှဲယိုကဒီဆုဟာကျွန်မရဲ့ မိခင်နဲ့တကွ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်အားလုံးအတွက် ရည်စူးပါတယ်။ ဒီမိခင်တွေ မရှိဘဲနဲ့ ကျွန်မတို့ ဒီနေရာကို ရောက်မလာနိုင်ပါဘူး။ ဒီနေ့ညကျွန်မကို စောင့်ကြည့်နေကြတဲ့ မိန်းကလေး ယောကျားလေး ကလေးငယ်လေးတွေကိုပြောပြချင်တာက ဒါဟာ ကြီးမားတဲ့ မျှော်လင့်ချက်ဆုလာဘ်တစ်ခု ဆိုတာပါ။ဒါဟာ ကြီးကျယ်တဲ့ အိပ်မက်တွေကို မက်ပြီး လုပ်ရက် အိပ်မက်တွေ အကောင်ထည်ပေါ်လာတယ်ဆိုတဲ့သက်သေပါ။ အမျိုးသမီးတွေကို တစ်ခုပြောချင်ပါတယ်။ ခင်ဗျားရဲ့အကောင်းဆုံးအချိန်တွေဟာ လွန်သွားပါပြီလို့ ဘယ်သူ့ကိုမှ အပြောမခံပါစေနဲ့ဟုပြောကြားသွားခဲ့သည်။

ယခုအော်စကာဆုလက်ခံမရယူမီ မီရှဲယိုသည် Screen Actors Guild Award နှင့်Golden Globe ရွှေကမ္ဘာလုံးဆုများလက်ခံရရှိခဲ့သေးသည်။

အသက်(၆၀)ရှိပြီဖြစ်သောမလေးရှားနိုင်ငံသူ သရုပ်ဆောင် မီရှဲယိုသည် ၁၉၉၀ပြည့်လွန်နှစ်များကစ၍ ဟောင်ကောင် အက်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး၁၉၉၇ခုနှစ်က ဂျိမ်းစ်ဘွန်းဇာတ်ကား Tomorrow Never Dies တွင်မင်းသား ပီယာ့စ် ဘရော့စ်နန် နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

အလားတူThe Lady ဇာတ်ကားတွင် မြန်မာအတိုပ်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေရာမှပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး မြန်မာနိုင်ငံသို့လာရောက်ကာဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူလည်း ဖြစ်သည်။NN-27

ref:Today,CAN

 ပုံစာ- အကောင်းဆုံးအမျိုးသမီးသရုပ်ဆောက်ဆုရ မလေးရှားနိုင်ငံသူ မီရှဲယို၊ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆုရ ဘရန်ဒန် ဖရေဇာ၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု၇လီဟွိုင်ကွမ်

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.