တနင်္လာ၊ ဧပြီလ ၂၂ရက်၊ ၂၀၂၄

မြန်မာ-အိန္ဒိယ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းတွင် ပူးပေါင်းပါဝင်ရန် ဘင်္ဂလားဒေ့ရှ် စိတ်ဝင်စား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 10.1k

(လက်ရှိကုန်သွယ်ရေးတန်ဖိုး ကန်(၁)ဘီလျံမှ (၂)ဘီလျံသို့ ရောက်လာနိုင်ဟုဆို)

 

နိရဉ္စရာ၊ မတ်၁၄/၂၀၂၃ (နိုင်ငံတကာ)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ-အိန္ဒိယ-ထိုင်း ဆက်သွယ်မှုကုန်သွယ်ရေးလမ်းကြောင်းစီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားလျှက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မာမွတ်ဘင်မိုမင် က တတိယအကြိမ် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းအစည်းအဝေးအပြီး အင်္ဂါနေ့က ပြောကြားလိုက်သည်။

 

 " ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာ-အိန္ဒိယ-ထိုင်း ဆက်သွယ်မှု စီမံကိန်းမှာ ပူးပေါင်းပါဝင်ဖို့ ဆန္ဒ ရှိနေပါတယ်။ အိန္ဒိယတို့ ထိုင်းတို့နဲ့ ကျွန်တော်တို့ စကားပြောပြီးပါပြီ။ သူတို့ဘက်က ဘာပြဿနာမှ မရှိပါဘူး။"

 

" ဒီဆက်သွယ်မှုဟာ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ နည်းပညာနှင့် စီးပွားရေး ကဏ္ဍပေါင်စုံ ပူးပေါင်းဆောင်ရွက်ရေး BIMSTECအောက်က ဖြစ်နိုင်ပါတယ်။ ကုန်းလမ်းဆက်သွယ်မှုသာမက လေကြောင်း နဲ့ ရေကြောင်းဆက်သွယ်မှုကို ကျွန်တော်တို့ လိုလားပါတယ်" ဟု မာဆွတ်ဘင် မိုမင်က ပြောသည်။

 

ဆက်လက်၍ " ကျွန်တော်တို့ရဲ့ စီးပွားရေးမျှော်လင့်ချက်ပန်းတိုင်အတိုင်းသာ ဖြစ်လာရင် လက်ရှိ ကုန်သွယ်ရေးတန်ဖိုး ဒေါ်လာ (၁)ဘီလျံကနေ သိပ်မကြာင်ခင်မှာ (၂)ဘီလျံအထိ တိုးပွားလာမယ်လို့ ယုံကြည်တယ်"

 

 " နှစ်ဘက် နားလည်မှု စာချုပ်တွေ( MOU) အများကြီး ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ရှိနေပြီး အမြန်ဆုံးအပြီးသတ် ချင်နေပါပြီ"

 

 " ထိုင်းနိုင်ငံက လက်ရှိ BIMSTEC ဥက္ကဋ္ဌပါ။ မကြာခင်မှာ သူတို့ ထိပ်သီးအစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိပါတယ် " ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆာရန် ချာရွမ်ဆွမ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်အလျှင်အမြန်တိုးတက်နေပြီး သူတို့ ဘင်္ဂလားဒေ့ရှ်သည် မကြာမီ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ( leased developed countries) များစာရင်းမှ လွတ်မြောက်လာတောမည်ဖြစ်ကြောင်း၊ ဘင်္ဂလားရှေတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် မိမိနှင့်အတူ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ပါ လိုက်ပါလာကြောင်း ပြောကြားခဲ့သည်။

 

NN-27

ref:Dhaka Tribune

 

ဆက်စပ် သတင်းများ