ကော့စ်ဘဇားဒုက္ခသည်စခန်းတွင် စေတနာဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ


နိရဉ္စရာ၊ မတ် ၁၆/၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အူကီးယားမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။

အသတ်ခံရသူမှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများနေထိုင်သည့် အူကီးယားမြို့နယ်၊ ဘာလူးခါလီစခန်းမှ  အဒူရာရှစ် (Abdur Rashid) () အဘူဘာဆာ (Abul Bashar) ဖြစ်ကြောင်း BDnews 24 တွင် သတင်းဖော်ပြသည်။

၎င်းအား မတ် ၁၅ ရက် အစောပိုင်းတွင် ဘာလူးခါလီ စခန်း အမှတ် () တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း လက်နက်ကိုင် ရဲတပ်ရင်း  အမှတ်(၁၄) တာဝန်ရှိသူ Syed Harunur Rashid က ပြောသည်။

သူ့ကို လက်ကိုင်ထားတဲ့ လူတစ်စုကနေ ဗုဒ္ဓဟူး  မနက် နာရီမှာ သေနတ်နဲ့ ပစ်သွားခဲ့တာပါ။ 

ဘင်္ဂလာရဲတပ်ဖွဲ့က သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားသောနေရာသို့ ရောက်လာသောအခါ ပစ်ခတ်သူများမှာ ထွက်ပြေးသွားကြောင်း၊ သေနတ်ဒဏ်ရာရရှိသူ အဒူရာရှစ်အား အနီးအနား ဆေးရုံသို့ ယူဆောင်သွားခဲ့သော်လည်း သေဆုံးသွားကြောင်း ၎င်းရဲတပ်ရင်း တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ၏ အလောင်းအား ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ခွဲစိတ်ရန် ပို့ဆောင်လိုက်ပြီး သေနတ်ပစ်ခတ်သွားသူများအား ဘင်္ဂလာရဲက ရှာဖွေနေသည်ဟု ဆိုသည်။

ကော့စ်ဘဇားရှိ မြန်မာနိုင်ငံက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုများ ပေါ်ပေါက်နေပြီး ယခုလ ၈ ရက်နေ့ကလည်း အာဆာအဖွဲ့က ထိပ်တန်းတပ်မှူး  နူရာဟာဘစ် (Nur Habib) (ခေါ်) ဒက်တာဝခ်ကာ (Daktar Wakkas) (အသက် ၄၂ နှစ်) သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

Share: