Preview

မြန်မာဟုယူဆ၇သည့် အမျိုးသား ၃ ဦး ထိုင်း-မလေးနယ်စပ်၌ အသတ်ခံထားရ

မတ် ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :1200
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ မတ်လ ၁၆ - ၂၀၂၃

ထိုင်းနိုင်ငံ ဆုံခလာပြည်နယ် ဘန့်ကလန်မြို့ရှိ သစ်တောတစ်ခု၌မြန်မာများဟုယူဆ၇သည့် အမျိုးသား ၃ ဦး၏ရုပ်အလောင်းကို မတ်လ ၁၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့သည်ဟု ထိုင်းရုပ်သံလိုင်း One 31 က ထုတ်လွှင့်ခဲ့ကြောင်း သိ၇သည်။

ဆုန်ခလာပြည်နယ် ဘန့်ကလန်မြို့သည်ထိုင်း-မလေးရှား နယ်စပ်ဖြစ်ပြီးအဆိုပါအလောင်းများကို စစ် ဆေးချက်အ၇ လက်ပြန်ကြိုးတုပ်ခံထားရကာ လည်ပင်း၌အလှီးခံထား၇သည့်ဒဏ်ရာများတွေ့၇သည့် အတွက် အသတ်ခံထား၇ခြင်းဖြစ်နိုင်ကြောင်ထိုင်းအာဏာပိုင်များက ပြောသည်။

တရားမဝင်လူကုန်ကူးလုပ်ငန်းများနှင့်အခြားရာဇဝတ်ဂိုဏ်းများလှုပ်ရှားသည့်ဒေသဖြစ်ခြင်းကြောင့်ယင်းဖြစ်စဉ်အသေးစိတ်ကို ခန့်မှန်းရခက်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုစောမောင် က နိရဉ္စရာကို ပြောသည်။

‘’ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းဘက်ကဆိုတော့ အခုဖြစ်စဉ်က ရာဇဝတ်မှုလား၊ လူကုန်ကူးမှုလားဆိုတာမသဲကွဲတော့ခန့်မှန်း၇ခက်တယ်ဗျ၊ပြီးတော့မြန်မာတွေလို့ပြောနေပေမယ့်လည်း ခန့်မှန်းအနေနဲ့ပဲ ယူဆနေ ၇သေးတယ်။’’

၎င်းရုပ်အလောင်းများကို မတ်လ ၁၅ ရက် မနက်ပိုင်းတွင်အမှိုက်ကောက်သူများက စတင်တွေ့ရှိခဲ့ပြီး အာဏာပိုင်များထံ အကြောင်းကြားခဲ့ပြီး ရဲ၊ လ၀က စသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက် စစ်ဆေးကြခြင်းဖြစ်ကြောင်း၊ ထိုင်းလူမျိုးများဖြစ်ပါက လူပျောက်တိုင်ကြားမှုရှိမှာဖြစ်ပြီး ယခုသေဆုံးသူ များကို အနီးနားဝန်းကျင်က မသိကြကြောင်း၊ ယင်းကြောင့်မလေးရှားနိုင်ငံဖက်သို့သွားမည့် မြန်မာရွှေ့ ပြောင်းလုပ်သားများဖြစ်နိုင်ကြောင်းအာဏာပိုင်များက သုံးသပ်သည်။

အသတ်ခံရပြီး လာရောက်စွန့်ပစ်သွားခြင်းဖြစ်နိုင်ကြောင်းထိုင်းရဲများကသံသယရှိနေပြီး လွန်ခဲ့သည့် ၃ ရက်ကတည်းက သေဆုံးခဲ့ခြင်းဟုယူဆကြောင်း၊လက်ရှိတွင် ရုပ်အလောင်းများကိုဟတ်ရိုင်ဆေးရုံကြီး ကို ပို့ထားကြောင်း သိ၇သည်။

ဘန့်ကလန်မြို့သည် အဝေးပြေးလမ်းမကြီးပေါ်၌ရှိပြီးလူကုန်ကူးသမားများသွားလာသည့်နေရာများ ဖြစ်ကြောင်း ယင်းလူသတ်မှုနှင့်ပတ်သက်ပြီးတရားခံများဖော်ထုတ်နိုင်ရေး အာဏာပိုင်များမှ စုံစမ်းနေ ကြောင်း သိ၇သည်။ NN – 24

Photo – Courtesy Photo

#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.