နိရဉ္စရာ၊ မတ် ၁၆/၂၀၂၃ (နိုင်ငံတကာ)
ဘယ်လ်ဂျီယံအစိုးရကဗုဒ္ဓဘာသာအား တရားဝင် အသိအမှတ်ပြုဘာသာအဖြစ် လက်ခံရေး ဥပဒေကြမ်းအားသောကြာနေ့က လက်ခံအတည်ပြုလိုက်ပြီးနောက် ဗုဒ္ဓဘာသာသည် ဘယ်လ်ဂျီယံတွင်မကြာမီ တရားဝင်အသိအမှတ်ပြု ဘာသာတစ်ခုဖြစ်လာတော့မည်ဟု ဖြစ်သည်။
ထိုသို့တရားဝင်အသိအမှတ်ပြုလိုက်သည့်အတွက် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ အစိုး၇၏ တရားဝင်ထောက်ပံ့မှု၊ ကိုယ်စားလှယ်များစေလွှတ်မှု နှင့်စာသင်ကျောင်းတွင် သင်ကြားပို့ချမှုများပြုလုပ်နိုင်တော့မည်ဖြစ်သည်။
ဘယ်လ်ဂျီယံဗုဒ္ဓဘာသာ သမဂ္ဂ သည် ၂၀၀၆ခုနှစ်ကတည်းက တရားဝင်အသိအမှတ်ပြုရေးတောင်းဆိုထားခဲ့သည်။
သမဂ္ဂ၏ခန့်မှန်းချက်အ၇ ဘယ်လ်ဂျီယံနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်၁၅၀၀၀၀ ရှိသည်ဟု သိ၇သည်။ ယခုအခါ ဘယ်လ်ဂျီယံသည် ဩစတြီယားပြီးလျှင်ဗုဒ္ဓဘာသာကို အသိအမှတ်ပြုသော ဒုတိယမြောက် ဥရောပနိုင်ငံဖြစ်လာပြီဖြစ်သည်။
လက်ရှိဘယ်လ်ဂျီယံတွင် ၁၉၇၄ ခုနှစ်ကတည်းက တရားဝင်အသိအမှတ်ပြုထားသော ဘာသာရေးဝတ်ပြုအဖွဲ့ခြောက်ခု ရှိသည်။ ၄င်းတို့မှာရိုမန်ကက်သလစ်၊ အော့သိုဒေါ့၊ အစ္စရေးလ်လိုက်၊ အင်ဂျလိကန်၊ ပရိုတက်စတင့်အီဗန်ဂျလိကယ် နှင့် အစ္စလာမ်တို့ ဖြစ်သည်။
ဗုဒ္ဓဘာသာအားဘာသာရေးအုပ်စုမဟုတ်သော ဒဿနအဖွဲ့အစည်းတစ်ခုအဖြစ် အခြားသော ဘာသာရေးအဖွဲ့အစည်းများနှင့်အတူ ၂၀၀၂ခုနှစ်ကတည်းက လက်ခံထားခဲ့သည်။
ယခုကဲသို့တရားဝင်အသိအမှတ်ပြုလိုက်သည့်အတွက် ယူရို ၁.၂ သန်းအထိ အစိုး၇၏ထောက်ပံ့မှုကိုလက်ခံရရှိမည်ဖြစ်သည်။
လွှတ်တော်ကဥပဒေကို အတည်ပြုပြီးသည်နှင့် ဗုဒ္ဓဘသာ ဒေသ အဖွဲ့အစည်းများ ဖွဲ့သည်းခွင့်ရရှိပြီး ဘူတာရုံ၊လေဆိပ်များ၊ အကျဉ်းထောင်များ၊ စစ်တပ်၊ ဆေးရုံများသို့ဗုဒ္ဓဘာသာကိုယ်စားလှယ်များ စေလွှတ်ခြင်း၊ ပညာရေးကျောင်းများတွင်ဗုဒ္ဓဘာသာသင်္ခန်းစာများပို့ချခြင်းကို အခြားဘာသာများ နည်းတူလုပ်ဆောင်ခွင့်၇မည်ဖြစ်သည်။ ဘရပ်ဆဲလ်နှင့်တကွ ဘယ်လ်ဂျီယံပြည်နယ်အားလုံးတွင် ထောက်ပံ့မှုဖြင့် ဗုဒ္ဓဘာသာစင်တာများထားရှိခွင့်၇မည်ဖြစ်သည်။
NN- 27
Photo by Internet