Preview

အီကွေဒေါနိုင်ငံ၌ မဂ္ဂနီကျု ၆ ဒဿမ ၈ ရှိ ငလျင်လှုပ် အနည်းဆုံး လူ(၁၄)ဦးသေ၊ နေအိမ်၊ကျောင်း၊ ဆေးရုံများပြိုကျ

မတ် ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :4037
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ မတ် ၁၉/၂၀၂၃ (နိုင်ငံတကာ)

ပီရူးနိုင်ငံမြောက်ပိုင်းနှင့် အီကွေဒေါနိုင်ငံ ကမ်းခြေဒေသတွင် စနေနေ့က မဂ္ဂနီကျု ဒဿမ ရှိ ငလျင်ပြင်း လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ(၁၄)ဦး သေဆုံးပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဆေးရုံများပြိုကျပျက်စီးခဲ့သည်ဟု သိ၇သည်။

ငလျင်သည် အီကွေဒေါ ဂွါယားစ်ပြည်နယ်၊ ဘာလောမြို့အနီး ()မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့သည်။

ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်မည့် အရိပ်လက္ခဏာ မတွေ့၇ဟု ဆိုသည်။

အပျက်အစီးခန့်မှန်းနိုင်ဖို့ ဒီမနက် ငလျင်လှုပ်တဲ့နေရာမှာ ကျွန်တော်တို့ဆက်ရှိနေပါမယ်။ ငလျင်ဘေးသင့်သူတွေနဲ့အတူ ကျွန်တော် ရှိနေမယ်လို့ ကတိပေးပါတယ်ဟု အီကွေဒေါသမ္မတ ဂွီလာမို လက်ဆိုက သူ၏ တွစ်တာတွင်ဖော်ပြသည်။

သမ္မတရုံး ဆက်သွယ်ရေးဌာန၏ ပြောကြားချက်အ၇ သေဆုံးသူ ၁၄ ဦး နှင့် ဒဏ်ရာ၇သူ ၃၈၀ ဦး ရှိကာ နေအိမ် ၄၄ လုံး ပြိုကျခဲ့သည်ဟု သိ၇သည်။

အဆောက်အဦး ၉၀ ပျက်စီးခဲ့ရာတွင် စာသင်ကျောင်း ၅၀ နှင့် ဆေးရုံဆေးခန်း ၃၀ ပါဝင်သည်။ အလားတူ ငလျင်လှုပ်မှု နှင်အတူ မြေပြိုကျမှုကြောင့် လမ်းမကြီးများ ပိတ်ဆို့သွားခဲ့သည်ဟု သိ၇သည်။

ကျွန်တော်တို့အားလုံး လမ်းမပေါ်ကို ပြေးထွက်လာပြီး အရမ်းထိတ်လန့်နေခဲ့ကြတယ်ဟု ငလျင်လှုပ်ရာဒေသမှ ဒေသခံတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ပီရူးအာဏာပိုင်များက မြောက်ပိုင်းတွင် ငလျင်လှုတ်ခတ်မှု ခံစား၇သော်လည်း ပျက်စီဆုံးရှုံးမှု အခြေအနေ မသိ၇သေးဟု ဆိုသည်။

NN-27

Ref:Reuters

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.