Preview

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာအလုပ်သမား ၁၂ ဦး အဖမ်းခံရ

မတ် ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :9443
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ မတ်လ ၂၁/ ၂၀၂၃

 

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ မင်မြို့ လမ်းဘေးတစ်နေရာ၌ ပစ်ကပ်ကားတစ်စီးပေါ်တွင် တရားမဝင် ဝင် ရောက်လာသည့် ကလေးငယ်တစ်ဦးအပါအဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီး၇မိခဲ့ကြောင်း ကျိုချိုသတင်းဌာနက ဖော်ပြထားသည်။

 

ကန်ချနပူရီခရိုင်၊ မင်မြို့၊ ဝမ်ဒို့ကျေးရွာ စစ်ဆေးရေးဂိတ်တွင် သံသယဖြစ်ဖွယ်ပစ်ကပ်ကားတစ်စီးသည် စစ်ဆေးမခံဘဲမောင်းနှင်ထွက်ပြေးသည့်အတွက် တာဝန်ရှိသူများမှ အင်အားခွဲပြီး လိုက်လံဖမ်းဆီးခဲ့ရာ ကီလို ၄၀ ခန့်အရောက် ဝမ်ဖာ၇ဖီမြို့ဖက်ကိုသွားသည့်လမ်း၌ ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

 

ကားအရှေ့ခန်းနှင့် ကားအနောက်ခန်းတွင် အမိုးအုပ်ထားကာလိုက်ပါလာကြသည့် အမျိုးသား ဦး အမျိုးသမီး ဦးတို့တွင် ကလေးငယ်တစ်ဦးလည်းပါဝင်ပြီး ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးကိုပါ ဖမ်း ဆီး၇မိခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

 

ပြည်တွင်း၌ စားဝတ်နေရေးအခက်ကြုံနေ၇လို့ မိသားစုအလိုက် အလုပ်လာလုပ်ကြတာဖြစ်နိုင်ကြောင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

‘’ကလေးငယ်တစ်ဦးပါတယ်ဆိုတာ မိန်းကလေးငယ်ပဲဗျ။ ပြည်တွင်းမှာစားဝတ်နေရေးအခက်အခဲဖြစ် နေကြတယ်၊ ဝင်ငွေ၇မယ့်လမ်းကလည်း မရှိဆိုတော့ ခုလိုတရားမဝင်လမ်းကြောင်းနဲ့ဝင်လာရင်းကနေ ဒုက္ခရောက်၇တာပဲပေါ့။’’

 

ယာဉ်မောင်းကို စစ်ဆေးမေးမြန်းချက်အ၇ ၎င်းအလုပ်သမားများကို စံခလဘူရီမြို့ ပရန်ဖဲကျေးရွာမှ တင် ဆောင်လာခြင်းဖြစ်ပြီး ကန်ချနဘူရီမြို့ကို သွားရောက်ပို့ဆောင်ပေး၇မည်ဖြစ်ကြောင်း၊ ပို့ဆောင်ခ အဖြစ် ဘတ် ၇၀၀၀ မှ ၈၀၀၀အထိရရှိပြီး အရင်က ကြိမ်ခန့် ပို့ဆောင်ခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုထား ကြောင်း သိ၇သည်။

 

ယာဉ်မောင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန်အတွက် ကန်ချနဘူရီ ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းဌာနမှ ဖော်ပြထားကြောင်း သိ ၇သည်။ NN – 24

Photo ; ThaiNews

#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.