နိရဉ္စရာ၊မတ်၂၂/၂၀၂၃ (နိုင်ငံတကာ)
ယမန်နေ့အင်္ဂါညက အင်အား ၆.၅ မဂ္ဂနီကျုရှိငလျင်တစ်ခု လှုပ်ခတ်သွားရာ အာဖဂန်နစ္စတန်၊ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံနေရာအချို့တွင် ငလျင်ဒဏ်ခံစား၇ပြီးပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တွင် အနည်းဆုံး လူ(၁၁)ဦး သေဆုံးသည်ဟုကနဦး သတင်းရရှိသည်။
“ အင်မတန်ကြောက်စရာကောင်းတဲ့တော်လဲသံကြား၇တယ်၊ ကျမဘ၀မှာ ဒီလို တော်လဲသံမျိုးတစ်ခါမှ မကြားဖူးဘူး” ဟု ကဘူးမြို့တွင်နေထိုင်သူ ခါတီရာ ဆိုသူအမျိုးသမီးက ငါးထပ်တိုက်ပေါ်မှ ဆင်းပြေးလာပြီးနောက် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်မှုကိုကီလီုတာ (၁၀၀၀)ကျယ်ပြန့်ပြီး လူဦးရေ (၂၈၅) သန်း နေထိုင်သည့်ပါကစ္စတန်၊အိန္ဒိယ၊ဥဇဘက်ကစ္စတန်၊ တာဂျီကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊အာဖဂန်နစ္စတန်၊တာ့မင်နစ္စတန် နိုင်ငံများတွင် ခံစားခဲ့၇သည်ဟု ဥရောပ-မြေထဲပင်လယ်ငလျင်တိုင်းတာရေးဗဟိုဌာနက ဆိုသည်။ ငလျင်ဗဟိုချက်မှာအာဖဂန်မြောက်ပိုင်း လူဦးရေ ကျဲပါးသော ဟိန္ဒူကွတ်ရှ် တောင်တန်းဒေသဖြစ်ပြီး မြေအောက်အနက် ၁၈၇ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်းမမေရိကန်ဘူမိလေ့လာရေးဌာနက ပြောကြားသည်။
အာဖဂန်နယ်စပ်အနီးပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပတ်တွန်ခွါ ပြည်နယ်တွင် လူ(၉)ဦး သေဆုံးပြီး၄၄ ဦး ဒဏ်ရာ၇ကာ နေအိမ် ၁၉လုံး ပျက်စီးခဲ့ကြောင်း ပြည်နယ်အရာရှိတစ်ဦးကရိုက်တာသတင်းဌာသို့ ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင်ငလျင်လှုပ်ခတ်မှုကြောင့် လူအများ ထိတ်လန့်တုန်လှုပ်ကာလမ်းမများပေါ်သို့ ဆင်းပြေးခဲ့ကြသည်ဟုဆို၏။
“ လူတွေအားလုံးအိမ်ပေါ်က ဆင်းပြေးကြပြီး ကိုရမ်ကျမ်းတွေ ရွတ်ဖတ်နေကြတယ်” ဟု ရာဝါပင်ဒီမြို့မှ အေအက်ပီသတင်းထောက်က ဆိုသည်။ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ် က အမျိုးသားသဘာ၀ဘေးဒဏ် စီမံကွပ်ကဲရေးအဖွဲ့ကိုကူညီကယ်ဆယ်ရေး အသင့်ပြင်ထားရန် အမိန့်ပေးထားသည်။ အာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့တွင်လည်း ပါရှား နှစ်သစ်ကူးပွဲတော် ကျင်းပနေခိုက်ငလျင်လှုပ်သဖြင့် လူအများ အိမ်ထဲမှ အိမ်ပြင် ထွက်ပြေးခဲ့ကြသည်ဟုဆို၏။
၂၀၂၂ခုနှစ် ဇွန်လကအာဖဂန်နစ္စတန်တွင် အင်အား ၅.၉ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ရာလူပေါင်း (၁၀၀၀) ကျော် သေဆုံးခဲ့၇ပြီး ထောင်ပေါင်းများစွာအိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့၇သည်။
ပုံစာ-ပါကစ္စတန်နိုင်ငံ၊လာဟိုးမြို့တွင် ငလျင်လှုတ်ခတ်မှုကြောင့် စားသောက်ဆိုင်ထဲမှအပြင်လမ်းမပေါ် ထွက်လာကြသူများ။
NN-27
ref:StraitTimes