စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြန်မာနယ်စပ်အနီး တောကြက်ထောင်တဲ့ ဘင်္ဂလားဒေရှ်နိုင်ငံသား မြေမြုပ်မိုင်းပေါက်၍ ခြေချင်းဝတ်ကွဲသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.4k

သံ

နိရဉ္စရာ၊ ဧပြီ ၇/၂၀၂၃

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း နယ်စပ်မျဉ်း စီရိုလိုင်းတွင် တောကြက်ထောင်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး မြေမြုပ်မိုင်း ပေါက်ကွဲ၍ ခြေချင်းဝတ်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာရရှိသူမှာ  စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့နယ် အမှတ် (၆) ရပ်ကွက်Cherarmath ဧရိယာမှ အသက် ၄၀ နှစ်အရွယ် Surut Alam ဖြစ်သည်ဟု Dhaka Tribune သတင်းတွင် ဖော်ပြသည်။

၎င်းသည် ဧပြီလ ၄ ရက် မွန်းလွဲပိုင်းတွင် နယ်စပ်အနီး စီရိုမျဉ်းတွင် တောကြက်ထောင်နေစဉ် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ် ညာဘက်ခြေချင်းဝတ် ကွဲသွားသဖြင့် ဒေသခံများက ကယ်ဆယ်ခဲ့ပြီး ကော့စ်ဘဇား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

နတ်ကျောက်ဆရီမြို့နယ် ရဲစခန်းမှ စခန်းမှ စခန်းမှူး  Tantu Saha က ၎င်းမိုင်းပေါက်ကွဲမှုကို အတည်ပြုပြီး ၎င်းအား ဒေသခံများ ကယ်ဆယ်ပြီး ကော့စ်ဘဇား ဆေးရုံကို ခေါ်ယူသွားကြောင်း ပြောဆိုသည်။

၎င်းမိုင်းပေါက်ကွဲခဲ့သည့် ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ နတ်ကျောက်ဆရီမြို့နယ်သည် မြန်မာဘက်က မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ကပ်ရပ်တည်ရှိသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၅ ရက်တို့တွင် မြန်မာလုံခြုံရေးတပ်များက နယ်စပ်တွင်  ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

---------------

သံ

ဆက်စပ် သတင်းများ