Preview

ဘန်ကောက်သင်္ကြန်ရန်ပွဲ သေနတ်ပစ်ခတ်မှုဖြစ်ပြီးလေးဦးဒဏ်ရာရ

ဧပြီ ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :5936
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဧပြီ၁၇/၂၀၂၃ (နိုင်ငံတကာ)

 

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ Royal City Avenue နယ်မြေရှိ OrnicPub ဘားဆိုင်အပြင်ဘက်တွင်တနင်္လာနေ့  နံနက်၁:၀၀နာရီအချိန်က ဆိုင်သို့လာရောက်သည့်သင်္ကြန်လည်ပတ်သူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးလူ ၄ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိ၇သည်။

 

တနင်္လာနေ့မနက် အစောကြီးညဉ့် ၁:၀၀နာရီခန့်ကဘ်ကောက်မြို့Ornic Bar အပြင်ဘက်တွင် သင်္ကြန်လာရောက်ပျော်ပါးသူအများအပြားရောက်ရှိနေပြီး လာရောက်သူအမျိုးသားတစ်ဦး နှင့်အခြားတစ်ဦးတို့ စကားများရန်ဖြစ်ခဲ့ကြသည်။

 

ထိုသို့ခိုက်ရန်ဖြစ်ပွားစဉ် အမျိုးသားတစ်ဦးက သေနတ်ထုတ်၍မြေပြင်ကို ခြောက်လှန့်ပစ်ခတ်ခဲ့ရာကလူအများအပြားအထိတ်တလန့်ထွက်ပြေးခဲ့ကြပြီး ကျည်ဆံလွင်စင် ထိမှန်ရာမှလေးဦး အပြင်းအထန်ဒဏ်ရာရရှိပြီး အခြားလေးဦး သာမန်ဒဏ်ရာရရှိခဲ့သည်။

 

အခင်းဖြစ်ပွါးရာနေရာသို့ရဲများရောက်ရှိလာစဉ် ပစ်ခတ်ထားသော ကျည်ဆံခွံ ၁၀ ခုတွေ့ရှိရပြီးသံသယဖြစ်သူတရားခံကို ဖမ်းဆီးနိုင်ခဲ့သည်။

 

ထိုင်းနိုင်ငံတွင်ဆွန်ခရန်(သို့ဟုတ်) သင်္ကြန်ပွဲတော်ကို ဧပြီလ(၁၆)ရက်၊ ည ၁၂နာရီအထိ တရားဝင် သတ်မှတ်ထားသော်လည်း Bar နှင့် Entertainmentနေရာအချို့တွင်ည ၁:၀၀နာရီကျော်သည်အထိ သင်္ကြန်ပျော်ပွဲ ကျင်းပမှုများ ရှိနေခဲ့သည်ဟု သိ၇သည်

 

NN-27

ref: Nation Thailand

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.