Preview

“စကားပြောခြင်း နှင့် တွေ့ဆုံဆွေးနွေးခြင်းသည် စစ်ပွဲ၏ တစ်ခုတည်းသော ထွက်ပေါက်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောဆို

ဧပြီ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :1031
နိုင်ငံတကာ သတင်း

ရှီကျင့်ဖျင်နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ ပထမဦးဆုံးအကြိမ် ဖုန်းဆက် တွေ့ဆုံ

ဧပြီ၂၇/၂၀၂၃

 

တရုတ်သမ္မတရှီကျင့်ဖျင် နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ ဧပြီလ(၂၆)ရက်က ပထမဦးဆုံးအကြိမ် ဖုန်းဆက်စကားပြောခဲ့ကြသည်။

 

ယူကရိန်းအားရုရှားက စတင်ကျူးကျော်ခဲ့ချိန်မှ စ၍ ယခုဖုန်းဆက်တွေ့ဆုံမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

 

တရုတ်နိုင်ငံသည်ယူကရိန်းအရေးတွင် ကြားနေ အဖြစ်ရပ်တည်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့်ပဋိပက္ခကို ဖြေရှင်းရန် အစဉ်တိုက်တွန်းခဲ့သည်။

 

တရုတ်သည်ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ပြစ်တင်ရှုတ်ချခြင်းလည်း မရှိခဲ့ပေ။

 

 ပြီးခဲ့သည့်ဧပြီလဆန်းကတည်းက ရှီကျင့်ဖျင်က ဇီလန်းစကီး နှင့် တွေ့ဆုံလိုသည်ဟုပြောကြားခဲ့သလို ဇီလန်းစကီးကလည်း ငြိမ်းချမ်းရေးအတွက် ရှီကျင့်ဖျင်အားတွေ့ဆုံလိုသည်ဟု ဆိုနေခဲ့သည်။

 

တယ်လီဖုန်းဖြင့်တစ်နာရီကြာ စကားပြောဆိုခဲ့ကြစဉ် ရှီကျင့်ဖျင်က ရုရှား နှင့်ယူကရိန်း နှစ်နိုင်ငံကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းခဲ့ပြီးစကားပြောခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းသည်သာ စစ်ပွဲတစ်ပွဲ၏ထွက်ပေါက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ယူကရိန်းအကျပ်အတည်းမှာ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးဘက်မှာ အမြဲ ရပ်တည်နေပြီးငြိမ်းချမ်းရေးစကားပြောကြဖို့ တိုက်တွန်းတဲ့ဘက်မှာ အမြဲရှိနေတယ်ဟုရှီကျင့်ဖျင်၏ ပြောဆိုချက်ကို နိုင်ငံပိုင် CCTV သတင်းဌာနကကြေညာသွားခဲ့သည်။

 

 ရှီကျင့်ဖျင်ကရုရှားနှင့် ယူကရိန်းကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခဖြေရှင်းရေးနိုင်ငံရေး သဘောတူညီချက် ချမှတ်နိုင်ရန်တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းသို့စေလွှတ်ပေးမည်ဟုလည်း ဆိုသည်။

 

ယခုတွေ့ဆုံမှုကိုယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း ကျေနပ်မှုရှိပြီး တရုတ်နိုင်ငံနှင့်ယူကရိန်းနိုင်ငံကြား သံတမန်ဆက်သွယ်မှု ပြန်လည်ထူထောင်နိုင်ခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေသည်ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

ယူကရိန်းအရေးတွင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် တရုတ်နိုင်ငံက ပါဝင်လာသည်ကိုအီးယူနိုင်ငံများကလည်း ကြိုဆိုကြသည်။

 

တရုတ်သည်ဆော်ဒီအာရေဗျ နှင့် အီရန် နှစ်နိုင်ငံကြားဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရန် ပြီးခဲ့သည့် လအတွင်းကကြားဝင် ဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်။

NN-27

 ref:CAN

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.