နိရဉ္စရာ၊ မေ ၂/၂၀၂၃ ( နိုင်ငံတကာ)
အိုင်အက်စ်ခေါင်းဆောင်ကိုဆီးရီးယားနိုင်ငံအတွင်း တူရကီထောက်လှမ်းရေးတပ်ဖွဲ့ကသတ်ဖြတ်နိုင်ခဲ့ကြောင်း တူ၇ကီသမ္မတ အာဒိုဂန်က တနင်္ဂနွေနေ့တွင်ပြောကြားလိုက်သည်။
“ အကြမ်းဖက်ခေါင်းဆောင်အဘူဟူစိန် အယ် ကူရှာရီကို စနေနေ့က တူ၇ကီ ထောက်လှမ်းရေး(MIT)ကဆီးရီးယားစစ်ဆင်ရေးအတွင်းမှာ သတ်ဖြတ်နိုင်ခဲ့ပါတယ်” ဟုအာဒိုဂန်က ဆိုသည်။
အိုင်အက်စ်အုပ်စုသည်ယခင်ခေါင်းဆောင် အဘူဟာဆန် အယ် ဟာရှီမီ အယ် ကူရှာရီ သေဆုံးသွားပြီးနောက်နိုဝင်ဘာ(၃၀)ရက်တွင် အဘူဟူစိန် ကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်းကြေညာခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းရှိအိုင်အက်စ်အဖွဲ့အခြေစိုက်စခန်းတစ်ခုကို တူရကီထောက်လှမ်းရေးအဖွဲ့နှင့်ဒေသခံရဲများ ပူးပေါင်းပိတ်ဆို့ကာ စီးနင်းခဲ့ခြင်းဖြစ်ကြောင်းအဆိုပါဒေသရှိ အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောသည်။
တူ၇ကီတပ်ဖွဲ့များသည်၂၀၂၀ ပြည့်နှစ်ကတည်းက ဆီးရီးယားမြောက်ပိုင်းတွင် ဆီးရီးယား အကူတပ်များ၏အကူအညီဖြင့် စခန်းချနေခဲ့သည်။
ပြီးခဲ့သည့်ဧပြီလလယ်ပိုင်းကလည်း အမေရိကန်တပ်များသည် ဆီးရီးယားမြောက်ပိုင်းရှိအိုင်အက်စ်စခန်းများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။
ထိုစစ်ဆင်ရေးတွင်လည်းအိုင်အက်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦးကိုသတ်ဖြတ်နိုင်ခဲ့သည်။
အိုင်အက်စ်အဖွဲ့အင်အားကောင်းခဲ့စဉ်က ဆီးရီးယား နှင့် အီရတ်နယ်မြေများကို ထိန်းချုပ်ထားပြီးဥရောပတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်က အိုင်အက်စ်အကြမ်းဖက်ခေါင်းဆောင် အဘူဘေကာ အယ်ဘက်ဒါဒီကို ဆီးရီးယားအနောက်မြောက်ပိုင်းတွင် သတ်ဖြတ်နိုင်ခဲ့ကြောင်းကြေညာခဲ့သည်။
အိုင်အက်စ်အဖွဲ့ခေါင်းဆောင်များသတ်ဖြတ်ခံ၇ပြီး အင်အားချည့်နဲသွားသော်လည်း အိုင်အက်အဖွဲ့သည်ယခုချိန်ထိ ဥရောပတွင် အကြမ်းဖက်မှုများပြုလုပ်ရန် ခြိမ်းခြောက်နေဆဲဟုဆိုသည်။ ref: AFP