Preview

ပရိသတ်စိတ်ဝင်စားနေသော အောင်လနှင့် ဖန်ရောင်းထိုးသတ်ပွဲ၊ ဒုတိယအချီတွင် အောင်လက Guillotine ချုပ်ကွက်ဖြင့် အနိုင်ရ

မေ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :1039
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ မေ ၆/၂၀၂၃

 

အမေရိကန်ပြည်ထောင်စုကိုလိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တွင် ယနေ့မနက်ပိုင်း(အမေရိကန်စံတော်ချိန်မေလ ၅ရက် ညပိုင်း)က ထိုးသတ်သော MMA (ကိုယ်ခံပညာပေါင်းစုံ)ပွဲစဉ်တွင်မြန်မာနိုင်ငံသား အောင်လ အန်ဆန်းက တရုတ်နိုင်ငံသားဖန်ရောင်းကို ဒုတိယအချီ ၄၇ စက္ကန့်တွင် လည်ပင်းကို ချုပ်၍ ပွဲသိမ်းအနိုင်ရရှိသွားခဲ့သည်။

 

One championship ကစီစဉ်ပြီး အမေရိကန်နိုင်ငံတွင် ကျင်းပသော အဆိုပါပွဲစဉ်ကိုမြန်မာပရိသတ်များ အထူးစိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး ထိုက်တန်သောနိုင်ပွဲကို အောင်လ ၇ယူနိုင်ခဲ့သည်။

 

 တရုတ်ဖိုက်တာဖန်ရောင်းမှာ အောင်လနှင့် ယခင်က ထိုးသတ်ရန်စီစဉ်ထားပြီးမှ ကိုဗစ်ဖြစ်ပွါးမှုကြောင့်ပွဲစဉ် ရွေ့ဆိုင်းခဲ့၇သူဖြစ်သည်။ ရင်ဆိုင်ထိုးသတ်မှုရော၊ချုပ်ကွက်ပါ အားသာမှုရှိသော ဖန်ရောင်း နှင့် အောင်လတို့၏ပထမအချီမှာ ရင်ဆိုင်လက်သီးအပြိုင်ထိုးသတ်မှုဖြင့် ပြီးဆုံးခဲ့သည်။

 

ပထမအချီတွင်အောင်လ၏ ညာဝိုက်လက်သီး ဖန်ရောင်း၏ မေးရိုးနှင့်ဦးခေါင်းပေါ်ကျသလို ဖန်ရောင်း၏ လက်သီး အောင်လခေါင်းပေါ် ကျခဲ့သည်။ ဒုတိယအချီ စသည်နှင့် အောင်လက လက်သီးကို တံတောင်နှင့်တွဲပြီးဖန်ရောင်ကို ထိုးသည်။အပြန်အလှန်ထိုးကြရင်း ဖန်ရောင်းက သူအားသာသော ချုပ်ကွက်ဖြင့် အောင်လကိုဖမ်းချုပ်ပြီး လှဲချရန်ကြိုးစားသည်။

 

ချုပ်ကွက်အတွေ့အကြုံရှိအောင်လက အလှဲမခံဘဲ ထိုင်ချပြီး ဖန်ရောင်း၏ ဦးခေါင်းကိုပြန်ချုပ်ထားလိုက်သည်။ အောင်လ၏ ဦးခေါင်းချုပ်ကွက်( Guillotine Choke) မှာပြင်းထန်သဖြင့် ဖန်ရောင်း လှုပ်မ၇တော့ဘဲ ဒုတိယအချီ ၄၇ စက္ကန့်တွင်အရှုံးပေးလိုက်၇သည်။

 

တရုတ်ဖိုက်တာဖန်ရောင်းအား အနိုင်ရလိုက်သည့်အတွက် လက်လွှတ်ခဲ့၇သော မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်စိန်ခေါ်ပွဲများကိုအောင်လ ထိုးသတ်နိုင်တော့မည်ဖြစ်သည်။

အနိုင်ရရှိပြီးနောက်အောင်လက သူသည် မြန်မာပြည်မှ ရွှေ့ပြောင်းလာသူဖြစ်ပြီး အမေရိကန်အိပ်မက်များရှင်သန်နေဆဲဖြစ်ကြောင်း၊ မြန်မာပြည်အတွက် ဆုတောင်းပေးနေကြောင်းပြောကြားခဲ့သည်။

 

အောင်လအင်ဆန်းသည် မိမိထံမှ ချန်ပီယံခါးပတ် လုယူသွားသော နယ်သာလန်ဖိုက်တာ ဒီရစ်ဒါ နှင့် စိန်ခေါ်ထိုးသတ်ပြီး ခါးပတ်ပြန်လည်ရယူရန် စိတ်အားထက်သန်လျှက်ရှိသည်။

 

NN 27

ref: one championship

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.