Preview

ကိယက်ဗ်မြို့အား ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်ပွါးပြီးနောက် ရုရှားမြို့တော် မော်စကို ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မေ ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :681
နိုင်ငံတကာ သတင်း

ရုရှနိုင်ငံမော်စကိုမြို့တော်တွင် ယနေ့ နေ့လယ်ပိုင်းက လူနေအဆောက်အဦးများအား ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခံ၇မှုဖြစ်ပွါးခဲ့ပြီး အဆောက်အဦးအများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု သိ၇သည်။

 

ယခုကဲသို့ ဒရုန်းအများအပြားဖြင့် တိုက်ခိုက်မှုမျိုး ယခင်က မရှိခဲ့ဟုဆိုသည်။

 

အဆိုပါဒရုန်းများအားလုံးကိုရုရှားလေကြောင်းရန် ကာကွယ်ရေးက ပစ်ခတ်ဖျက်ဆီးပစ်လိုက်သည်ဟု ဆိုသည်။

 

ယူကရိန်းကဒရုန်း ရှစ်စီးစေလွှတ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခြင်းဖြစ်သည်ဟုရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ယခုလအစောပိုင်းကမော်စကိုအား တစ်ကြိမ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီးနောက် ယခုဒုတိယအကြိမ် တိုက်ခိုက်မှုတွင်ဒရုန်းအရေအတွက် ပိုမိုများပြားလာသည်ဟုဆိုသည်။

 

ယနေ့မနက်အစောပိုင်းကယူကရိန်းမြို့တော် ကိဗ်ယက်အား ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့်အဆောက်အဦးအချို့ မီးလောင်ပြီး လူတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာ၇ခဲ့သည်ဟုကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ပြောသည်။

 

ရုရှားတို့၏ဒရုန်း ၂၀ ကိုလည်း ယူကရိန်းက ပစ်ချနိုင်ခဲ့သည်ဆို၏။ ယခုမေလအတွင်း ရုရှားသည် ယူကရိန်းမြို့တော် ကိယက်ဗ် အား (၁၇)ကြိမ်မြောက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ရုရှားနှင့် ယူကရိန်းကြား ဒရုန်းဖြင့် အပြန်အလှန်တိုက်မှုများ တိုးပွါးလျှက်ရှိနေသည်။

 

NN-27

Ref:BBCWorld/CNA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.