ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီ လာဗရော့ဗ်က အမေရိကန်လုပ် အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်များသည်နျူးကလီးယားလက်နက်များ သယ်ဆောင် ပစ်ခတ်နိုင်စွမ်းရှိ၍ယူကရိန်းကို ထိုလေယာဉ်များ ထောက်ပံ့ပေးအပ်မည်ဆိုပါကပဋိပက္ခကို ပိုမိုကြီးထွားလာစေမည်ဖြစ်ကြောင်း တနင်္လာနေ့က သတိပေးပြောကြားလိုက်သည်။
" ကျွန်တော်တို့ သိထားဖို့လိုတာက အမေရိကန်ရဲ့ အက်ဖ်-၁၆တိုက်လေယာဉ် အမျိုးအစားတစ်ခုဟာနျူးကလီးယားလက်နက်တွေ သယ်ဆောင် ပစ်ခတ်နိုင်စွမ်းရှိတယ်ဆိုတာပဲ"ဟု တာဂျီကစ္စတန်နိုင်ငံ၊ ဒူရှန်ဘီရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင်လာဗရော့ဗ်က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတဗိုလိုဒီမာ ဇီလန်းစကီးသည် အက်ဖ်-၁၆ တိုက်လေယာဉ်များ ရရှိရန် အချိန်အတော်ကြာကတည်းကတောင်းဆိုထားပြီး ယူကရိန်းလေယာဉ်မှူးများနှင့် တိုက်လေယာဉ်များ ထွက်ပေါ်လာခြင်းသည် ရုရှား၏ကျူးကျော်စစ် အရှုံးနှင့် အဆုံးသတ်မည့်လက္ခဏာဖြစ်သည်ဟု ပြောကြားလိုက်သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ပြီးခဲ့သည့်လ ဂျီ-ဆဲဗင်း ခေါင်းဆောင်များအစည်းအဝေးတွင်အမေရိကန်က ယူကရိန်း တိုက်လေယာဉ်မှူးများအား ပူးတွဲလေ့ကျင့်ပေးမည့်အစီအစဉ်ကိုထောက်ခံကြောင်း ပြောကြားခဲ့သည်။
သို့သော်အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က အက်ဖ်-၁၆တိုက်လေယာဉ်များယူကရိန်းသို့ ပေးအပ်ရေး နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် မချ၇သေးဟုဆိုသည်။
NN-27
ref: Reuters/ CAN