Preview

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းသို့ ပြန်လာ မလာကိစ္စ မိမိနှင့်မသက်ဆိုင်၊ ရဲတပ်ဖွဲ့ ၏ ကိစ္စသာဖြစ်သည်ဟု ပရာရွတ်ပြောကြား

ဇွန် ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :655
နိုင်ငံတကာ သတင်း

ပြည်ပသို့တိမ်းရှောင်ထွက်ပြေးနေ၇သေထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံသို့ပြန်လာခြင်း၊ မပြန်လာခြင်းကိစ္စသည် မိမိကိစ္စမဟုတ်ဘဲ ထိုင်းရဲတပ်ဖွဲ့နှင့်သာသက်ဆိုင်သောကိစ္စဖြစ်သည်ဟု ထိုင်းယာယီဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောကြားလိုက်သည်။

 

ထိုင်းဝန်ကြီးချုပ်ပရာရွတ် နှင့် ထိုင်းအမျိုးသာရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီးဒမ်ရွန်ဆက် ကစ်တီပရာပတိစ် တို့ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးနောက်သတင်းထောက်များ၏ မေးမြန်းချက်ကို ပရာရွတ်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

" သက်ဆင်အကြောင်းကျွန်တော်တို့ တစ်ခါမှ မဆွေးနွေးခဲ့ဘူး။ သူနဲ့ ကျွန်တော် ပတ်သက်စရာလိုလို့လား"ဟု ပရာရွတ်က ပြောကြားခဲ့သည်။

 

သတင်းထောက်များကအကယ်၍ သက်ဆင်ပြန်လာလျှင် ရဲတပ်ဖွဲ့အနေနှင့် မည်သို့ပြင်ဆင်မှုများပြုလုပ်ထားပါသလဲဟု မေးမြန်းခဲ့ရာ ပရာရွတ်က သက်ဆင်ပြန်လာသည့်ကိစ္စသည်အစိုးရနှင့် သက်ဆိုင်ခြင်းမရှိဘဲ တရားဥပဒေအ၇သာ ဖြစ်လိမ့်မည်ဟုဖြေကြားခဲ့သည်။

 

" သူပြန်လာရင်တရားဥပဒေနဲ့အညီ ရင်ဆိုင်ရဖို့ပဲရှိတယ်။ ဒီကိစ္စ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး" ဟု ပရာရွတ်က ဆိုသည်။

 

မေလ(၁၄)ရက်ထိုင်းရွေးကောက်ပွဲမတိုင်မီက လာမည့် ဇူလိုင် ၂၆ ရက်တွင် ကျရောက်မည့်သူ၏ (၇၄)နှစ်ပြည့် မွေးနေ့မတိုင်မီ ထိုင်းနိုင်ငံသို့ ပြန်လာရန်ဆုံးဖြတ်ထားကြောင်း သက်ဆင်က ပြောကြားခဲ့သည်။

 

အလားတူသူ၏ မြေးများနှင့်အတူ နေထိုင်ရန်ထိုင်းသို့ပြန်လာမည်ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်မှာ ၂၀၀၆ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ပြည်ပသို့ရောက်ရှိနေစဉ်ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုကို ခံခဲ့၇ပြီး ပြည်ပတွင်သာနေထိုင်ခဲ့၇သည်။

၂၀၀၈ခုနှစ်က ခေတ္တပြန်လာနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်ပြည်ပတွင်သာ တိမ်းရှောင်နေထိုင်ခဲ့၇သည်မှာ ယနေ့အထိဖြစ်သည်။

 

သက်ဆင်အားထိုင်း ဗဟိုတရားရုံးချုပ်က နိုင်ငံရေးရာထူးလက်ဝယ်ရှိသူများဆိုင်ရာရာဇဝတ်မှုဌာနက အကျင့်ပျက်ခြစားမှု လေးမှုအတွက်ထောင်ဒဏ် (၁၂) နှစ် မျက်ကွယ်တွင် ပြစ်ဒဏ်ချမှတ်ထားသည်။ ထိုင်းနိုင်ငံသို့သက်ဆင်ပြန်လာလျှင် ဥပဒေအရ ဖမ်းဆီးခံရနိုင်သည်ဟု သိ၇သည်။

 

NN-27

ref: Bangkok Post

#ထိုင်းနိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.