အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်အပူလှိုင်းဖြတ်သန်းမှုကြောင့် ဥတာပရာဒက်ရှ်ပြည်နယ်တွင်လူ ၅၄ ဦး နှင့် ၎င်းပြည်နယ်အနီးရှိဘီဟာပြည်နယ်တွင် လူ ၄၅ ဦး သေဆုံးခဲ့သည်ဟုသိ၇သည်။
Times of India သတင်းစာ၏ရေးသားဖော်ပြချက်အရ လွန်ခဲ့သည့်ရက်များအတွင်း အိန္ဒိယ မြောက်ပိုင်းဥတာပရာဒက်ရှ်ပြည်နယ် ခရိုင်တစ်ခုတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့်လူပေါင်း ၅၄ဦးသေဆုံးခဲ့ပြီး အာဏာပိုင်များက အပူလှိုင်းကြောင့်သေဆုံးခြင်း ဟုတ်မဟုတ် စိစစ်နေသည်ဟု ဆိုသည်။
အလားတူအနီးရှိ ဘီဟာပြည်နယ်တွင် လူပေါင်း ၄၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
အိန္ဒိယမိုးလေ၀သဌာနသည်လွန်ခဲ့သည့် အပတ်က ဥတာပရာဒက်ရှ် နှင့် ဘီဟာပြည်နယ်အပါအဝင်အိန္ဒိယနိုင်ငံဒေသအချို့တွင်အလွန်မြင့်မားသည့် အပူချိန်ဖြစ်ပေါ်မည့်အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဥတာပရာဒက်ရှ်ပြည်နယ်ဘောလိယခရိုင်တွင်ဖြစ်ပေါ်ခဲ့သည့် လူသေဆုံးမှုများသည် အပူလှိုင်း ရိုက်ခတ်မှုနှင့်ဆက်စပ်မှု ရှိမရှိ အိန္ဒိယအစိုး၇က စုံစမ်းစစ်ဆေးလျှက်ရှိသည်။
" အဲဒီဒေသမှာလူသေဆုံးမှုဖြစ်တာတော့အမှန်ပဲ၊ ဒါပေမယ့် အပူလှိုင်းကြောင့်လားဆိုတာတော့ ပြောဖို့ခက်တယ်ဟု “ ဘောလိယခရိုင် အုပ်ချုပ်ရေးအရာရှိတစ်ဦးကရိုက်တာသို့ ပြောကြားသည်။
“တချို့ကတော့အသက်ကြီးလို့၊ တချို့ကတော့ တခြားအကြောင်းကြောင့်ပါ။ ဒီသေဆုံးမှုတွေဟာအပူလှိုင်းကြောင့်လို့ သေချာပေါက် ပြောဖို့ ခက်ပါတယ်” ဟု သူကဆိုသည်။
အိန္ဒိယအစိုးရသည်ဘောလိယပြည်နယ်ဆေးရုံမှ ကျန်းမာရေးအရာရှိ ဒီဝါကာ ဆင်းဆိုသူအားအပူလှိုင်းကြောင့် လူသေဆုံးရကြောင်း ပြောဆိုသည့်အတွက် ရာထူးမှ ဖယ်ရှားခဲ့သည်။
NN-27
ref: bdnews