“လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ်ဝါရင့်နိုင်ငံရေးသမား မူဟာမက် နော မာသာကို ရွေးချယ်ရန် အနိုင်၇ ပါတီတို့ကသဘောတူ”
ရွေးကောက်ပွဲအပြီးပထမဦးဆုံးအကြိမ် ကျင်းပသည့်ထိုင်းလွှတ်တော်အစည်းအဝေးကို ဇူလိုင်(၃) ရက်နေ့က စတင်ခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် ပရာချာချတ်ပါတီခေါင်းဆောင်နှင့် ဝါရင့် နိုင်ငံရေးသမားမူဟာမက် နောမာသာ ကို ရွေးချယ်ရန် အနိုင်၇ MoveForward ပါတီ နှင့် ဒုတိယအများဆုံးအနိုင်၇ Pheu Thai ပါတီတို့ကသဘောတူခဲ့ကြကြောင်း သိရှိ၇သည်။
ပထမနေ့လွှတ်တော်အစည်းအဝေးကိုထိုင်းဘုရင် မဟာဝိဇယလောင်ကွန် နှင့် မိဖုရား ဆုသီဒါတို့က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
အစည်းအဝေးအပြီးတွင်MFP နှင့်Pheu Thai ပါတီတို့က ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပ ပြုလုပ်ပြီး လွှတ်တော်ဥက္ကဌသစ်အဖြစ် မူဟာမက် နော မာသာ ကို ရွေးချယ်ရန် သဘောတူခဲ့ကြောင်း MFP ပါတီခေါင်းဆောင် ပီတ က ရှင်းလင်းတင်ပြခဲ့သည်။
“ ကျွန်တော်တို့ ဝမ်မူဟာမက် နော မာသာ ကို လွှတ်တော်ဥက္ကဌအဖြစ် အမည်စာရင်းတင်သွင်းဖို့သဘောတူခဲ့ကြပါတယ်။ လွှတ်တော် ဒု-ဥက္ကဋ္ဌ နှစ်ဦးအတွက်MFP ကကိုယ်စားလှယ်တစ်ဦး နဲ့ Pheu Thai က ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်” ဟုMFP ခေါင်းဆောင်ပီတက ဆိုသည်။
လွှတ်တော်ဥက္ကဌသစ်အဖြစ်အမည်စာရင်းတင်သွင်း ခံ၇သည့် ဝမ် မူဟာမက် နော မာသာ မှာ ထိုင်းတောင်ပိုင်း ယာလာဒေသမှ အသက်(၇၉)နှစ်အရွယ်ရှိ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပရာချာချတ်ပါတီ၏ ခေါင်းဆောင်လည်းဖြစ်သည်။
မေလ၁၄ ရက် ရွေးကောက်ပွဲအပြီး MFP ပါတီက အမတ်အရေအတွက်အများဆုံး ၁၅၁ဖြင့် အနိုင်ရပြီးနောက် ဒုတိယနေရာမှ Pheu Thai အပါအဝင်အခြားပါတီ ငါးခုနှင့်အတူ ညွန့်ပေါင်း ဖွဲ့စည်းရာတွင်သူ၏ ပါတီလည်း ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။
အောက်လွှတ်တော်အမတ် အရေအတွက် စုစုပေါင်း ၅၀၀ ရှိသည့်အနက် လက်ရှိတွင် ပီတ ဦးဆောင်သည့်ညွန့်ပေါင်းပါတီအဖွဲ့က အမတ်အရေအတွက် ၃၁၂ ရရှိထားသည်။ လွှတ်တော် နှစ်ရပ်ပေါင်း အမတ်ဦးရေ ၇၅၀ အနက် အမတ် အရေအတွက် ၃၇၆ ရရှိမှသာ ဝန်ကြီးချုပ်ခန့်အပ်ပြီး အစိုးရဖွဲ့ခွင့်၇မည်ဖြစ်သည်။
ယခုကဲ့သို့လွှတ်တော်ဥက္ကဌလောင်း ရွေးချယ်ရန် သဘောတူညီမှု ရရှိခြင်းမှာ ရှစ်ပါတီညွန့်ပေါင်း အဖွဲ့၏ ညီညွတ်မှုကိုပြသလိုက်ခြင်းဖြစ်ပြီး လာမည့်အစိုးရသစ်ရွေးချယ်ရာတွင်လည်းယခုကဲသို့ စည်းလုံးမှုမျိုးပြသနိုင်မည်ဟု MoveForward ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း ပီတ ကပြောကြားခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်အစောပိုင်းတွင် Move Forward နှင့် Pheu Thai တို့သဘောတူညီမှု မ၇ကြဘဲ သူယူမည် ငါယူမည်ဟု အငြင်းပွါးနေခဲ့ကြပြီးနောက်ဆုံးတွင်အများဆုံးအနိုင်ရသည့် ပါတီကြီးနှစ်ခုစလုံးက ထိုနေရာကို မယူတော့ဘဲဒု-ဥက္ကဌ တစ်နေရာစီသာ ယူရန် သဘောတူလိုက်ကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ပါတီကြီးနှစ်ခုကြား သဘောတူညီမှု ၇ယူနိုင်ခြင်းမှာ ပြည်သူတို့၏ ဆန္ဒနှင့်အညီ အစိုး၇သစ် ဖွဲ့စည်းရန်ပူးပေါင်းဆောင်ရွက်မှုအစဟု ဆိုနိုင်ကြောင်းMFP မှဝန်ကြီးချုပ်လောင်း ပီတ က ဆိုသည်။
ပုံစာ-Move Forward ပါတီခေါင်းဆောင် ပီတ နှင့် Pheu Thai ပါတီခေါင်းဆောင် ချွန်လာနန် စရီကော ref:CAN
Photo by The Peninsula Qatar