Preview

ဆောက်လုပ်ဆဲ ဘန်ကောက်မိုးပျံတံတားပြိုကျ၍ နှစ်ဦးသေ၊ ဆယ်ဦးဒဏ်ရာရ

ဇူလိုင် ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :1517
နိုင်ငံတကာ သတင်း

ယမန်နေ့ဇူလိုင်၁၀ ရက် ညနေ ၆ နာရီအချိန်ကဘန်ကောက်မြို့၊ လတ်ကရာဘန်းခရိုင်၊ လန်ဖန်းလမ်းမပေါ်တွင်ဆောက်လုပ်ဆဲ မိုးပျံတံတား အစိတ်အပိုင်းတစ်ခု ပြိုကျခဲ့ရာလူ နှစ်ဦးသေဆုံးပြီး ဆယ်ဦး ဒဏ်ရာရသည်ဟု သိရှိ၇သည်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်အ၇ တည်ဆောက်နေသော ၁ဒဿမ မိုင်အရှည်ရှိအွန်နွတ်-လတ်ကရာဘန်း မိုးပျံလမ်းပိုင်း၊ ဝပ် ပိုမာနီးလမ်းဆုံမှပေ ၁၃၀၀ ရှိ ကွန်ကရစ်တံတား အစိတ်အပိုင်း လမ်းမပေါ်သို့ ပြိုကျသွားခြင်းဖြစ်သည်။

 ကနဦးစုံစမ်းတွေ့ရှိချက်အရလေးလမ်းသွား ကွန်ကရစ်တံတားကို ကရိန်းဖြင့် မ တင်စဉ်ကရိန်းကားလည်ထွက်ပြီး လဲကျသွားသည့်အတွက် လမ်းပေါ်သို့ ယခုကဲ့သို့ ပြိုကျခြင်းဖြစ်သည်ဟု သိ၇သည်။

 

ထိုသို့ပြိုကျမှုကြောင့်တံတားအောက် လမ်းပေါ်ရှိ မော်တော်ကားများ ကြေမွပျက်စီးခဲ့သလိုအနီးရှိဈေးဆိုင်များလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

 

မော်တော်ကားပေါ်ရှိလူနှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

NN-27

ref: Bangkok Post

#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.