Preview

ထိုင်းယာယီဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးမှ အနားယူပြီ ယူနိုက်တက် ထိုင်းနေးရှင်းပါတီမှ နှုတ်ထွက်

ဇူလိုင် ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :626
နိုင်ငံတကာ သတင်း

လာမည့်ကြာသပတေးနေ့တွင် စတင်တော့မည့် လွှတ်တော်တွင်း ဝန်ကြီးချုပ်သစ် ရွေးချယ်ခြင်းမစတင်မီထိုင်းယာယီဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယူနိုက်တက်ထိုင်းနေးရှင်းပါတီမှ နှုတ်ထွက်ကြောင်း နှင့် နိုင်ငံရေးမှ အနားယူတော့မည်ဖြစ်ကြောင်းဇူလိုင်(၁၁)ရက်၊ အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အငြိမ်းစားဗိုလ်ချုပ်ကြီးပရာယွတ်က ကြေညာချက်ကို ပါတီ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ဖော်ပြခဲ့ပြီးမေလ ၁၄ ရက် ရွေးကောက်ပွဲတွင် သူ့အားထောက်ခံသူများကိုကျေးဇူးတင်ကြောင်း ထုတ်ဖော်ခဲ့သည်။

" ယူနိုက်တက်ထိုင်းနေးရှင်းပါတီဝင်အဖြစ်က နှုတ်ထွက်ခြင်းနဲ့ အတူ နိုင်ငံရေးကကျွန်တော် အနားယူပါတော့မယ်။ ပါတီခေါင်းဆောင်၊ပါတီအလုပ်အမှုဆောင်နဲ့ ပါတီဝင်တွေက သူတို့ရဲ့မယိုင်လဲတဲ့ ပါတီမူဝါဒများနဲ့အတူပါတီလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားကြပါလိမ့်မယ်"ဟု ပရာယွတ်က ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

 

ဗိုလ်ချုပ်ကြီးပရာယွတ်သည် ၂၀၁၄ ခုနှစ်က ယင်လပ် ရှင်နာဝါထရာ ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရကို အာဏာသိမ်းခဲ့ပြီး ငါးနှစ်ကြာစစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ပြီးစစ်တပ်ခန့်ကော်မတီက ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အ၇၂၀၁၉ ရွေးကောက်ပွဲဝင်ခဲ့သည်။

 

ရွေးကောက်ပွဲတွင်စစ်တပ်လိုလားသည့် ပလန်းပရာချာ့ ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံရေးမဟာမိတ်များနှင့်ပူးပေါင်းကာ အစိုး၇ဖွဲ့နိုင်ခဲ့သည်။

 

အဆိုပါရွေးကောက်ပွဲတွင်အောက်လွှတ်တော်၌ အမတ်နေရာအများစုကိုဖွေ့ထိုင်းပါတီက အနိုင်၇ခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခြင်းမရှိခဲ့ပေ။

 

ပြီးခဲ့သည့်မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် ပရာယွတ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယူနိုက်တက် ထိုင်းနေးရှင်းပါတီမှာ အမတ် ၁၅၁နေရာ အနိုင်၇ခဲ့သော MoveForward Party ကိုအရေးနိမ့်ခဲ့သည်။

 

MFP ပါတီသည် ဖွေ့ထိုင်း၊ပရာချာချတ်၊ ထိုင်း လစ်ဘရယ်ပါတီ၊ ထိုင်းဆန်ထိုင်း၊ Fair၊ပလန် ဆန်ကွမ် မိုင်၊ ဖွေ့ထိုင်း ရမ်ဖလန် စသည့် ပါတီ (၇)ခု နှင့်ပူးပေါင်းကာညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ အောက်လွှတ်တော် အမတ် ၅၀၀အနက် ၃၁၂ နေရာကို ညွန့်ပေါင်းပါတီများက အနိုင်၇ထားသည်။

 NN-27

 ref : BK post

 

#ထိုင်းနိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.