(အထက်လွှတ်တော်၏ ထောက်ခံမဲ ၁၃ မဲသာ ရရှိခဲ့)
ဇူလိုင် ၁၃ ရက်နေ့က ကျင်းပသောထိုင်းလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံထား၇သောMove Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်မှာ လွှတ်တော်နှစ်ရပ်ပေါင်း အမတ်များ၏ လိုအပ်သော ထောက်ခံမဲအပြည့်အ၀မရရှိဘဲ ရှုံးနိမ့်သွားကြောင်းသိရှိ၇သည်။
ယမန်နေ့ညနေပိုင်း မဲပေးအပြီးတွင်လွှတ်တော်တက်ရောက်သူ ၇၀၅ ဦးအနက် ပီတ လင်ဂျာရွန်ရတ်အားမဲပေးသူ စုစုပေါင်း ၃၂၄ ဦးသာ ရှိပြီး ၁၈၂ဦးက ကန့်ကွက်မဲပေးကာ၊၁၉၉ဦးက မဲမပေးဘဲနေခဲ့ကြသည်။
အောက်လွှတ်တော်အမတ်၃၁၁ဦးက ပီတကို ထောက်ခံမဲပေးပြီး ၁၄၈ဦးက ကန့်ကွက်မဲပေးခဲ့ ကာ ၃၉ ဦးက မဲမပေးဘဲနေခဲ့သည်။ အထက်လွှတ်တော်အမတ်၁၃ ဦးကသာ ပီတကို ထောက်ခံမဲပေးပြီး ၃၄ဦး ကန့်ကွက်ကာ ၁၅၉ ဦးကမဲမပေးဘဲနေခဲ့သည်။
အထက်လွှတ်တော်တွင်စုစုပေါင်း အမတ် ၂၄၉ဦး ( တစ်ဦး နှုတ်ထွက်သွား) ရှိသည့်အနက် အစည်းအဝေးသို့ ၂၁၆ဦးသာ တက်ရောက်လာပြီး အကြောင်းအမျိုးမျိုးဖြင့်ခွင့်တိုင် ပျက်ကွက်ခဲ့သည်။
ထိုင်းဖွဲစည်းပုံအခြေခံဥပဒေအ၇အထက်-အောက်လွှတ်တော် နှစ်ရပ်ပေါင်း အမတ်အရေအတွက်၇၅၀ ရှိသည့်အနက် ထက်ဝက်ကျော် ၃၇၆ ဦး ကထောက်ခံမဲပေးမှသာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံ၇မည် ဖြစ်သည်။
ယမန်နေ့ ဝန်ကြီးချုပ်ရွေးချယ်ရေး မဲပေးမှုမအောင်မြင်သဖြင့် ဒုတိယ နှင့် တတိယအကြိမ်ဝန်ကြီးချုပ် ရွေးချယ်ရေး မဲပေးမှုများကို လာမည့်ဇူလိုင် ၁၉ နှင့် ၂၀ရက်နေ့များတွင် ဆက်လက်ပြုလုပ်သွားမည်ဟု လွှတ်တော်ဥက္ကဌ ဝမ် မူဟာမက်နော မာသာက ပြောကြားသည်။
နောက်ထပ်ပြုလုပ်မည့်ဝန်ကြီးချုပ်ရွေးချယ်ရေး မဲပေးမှုတွင် Move Forward ပါတီခေါင်းဆောင်ပီတ ဆက်လက်ရွေးချယ်ခံမည်၊ မခံမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိ၇သေးပေ။
ဝန်ကြီးချုပ်ရွေးချယ်ရေးမဲပေးမှု မတိုင်မီ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းပီတ ၏ အရည်အချင်းနှင့် ပတ်သက်ပြီး အထက်-အောက်လွှတ်တော် နှစ်ရပ်ပေါင်းအမတ်များက ခြောက်နာရီကြာ အပြန်အလှန်မေးခွန်းများ ထုတ်ခဲ့ကြသည်။
လွှတ်တော်အမတ်များအဓိက ဆွေးနွေးငြင်းခုန်ကြသည့်အကြောင်းအရာမှာ Move Forward ပါတီကပြင်ဆင်လိုသော တော်ဝင် အသရေဖျက်မှု ဥပဒေ၊ ရာဇဝတ်ပုဒ်မ ၁၁၂ (lese- majestelaw) ဖြစ်ပြီးပီတ ၏ iTV မီဒီယာကုမ္ပဏီတွင် ရှယ်ယာများ ပါဝင်နေမှုလည်းပါဝင်သည်။
ဝန်ကြီးချုပ်လောင်းပီတ နှင့် ပတ်သက်သည့် အပြန်အလှန်မေးမြန်းမှုများကို ညနေ ၃:၅၂နာရီတွင် လွှတ်တော်ဥက္ကဌ မစ္စတာ ဝမ်က သတ်မှတ်ချိန်ထက် တစ်နာရီစော၍ ရပ်ဆိုင်းခဲ့ပြီး မဲပေးမှုကို ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
NN-27
ref: Bangkok Post