Preview

လကမ္ဘာသို့ ဆင်းသက်မည့် အာကာသယာဉ်ကို အိန္ဒိယ အောင်မြင်စွာပစ်လွှတ်

ဇူလိုင် ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :1395
နိုင်ငံတကာ သတင်း

“အိန္ဒိယ၏အာကာခရီးရှည် စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းဟု ဝန်ကြီးချုပ်မိုဒီဆို”


အိန္ဒိယနိုင်ငံသည်လကမ္ဘာ၏ လူသိနည်းသော တောင်ဝင်ရိုးစွန်းအနီးသို့ ဆင်းသက်မည့်အာကာသယာဉ်ကို ဇူလိုင်လ(၁၄)ရက်နေ့က ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။

 

ချန်ဒရာယန်း-၃ဟု အမည်ပေးထားသည့် အာကာသယာဉ်ကို သောကြာနေ့ ၊ ဒေသစံတော်ချိန် မွန်းလွဲ၂:၃၅ နာရီတွင် ဆရီဟာရီကိုတာ အာကာသစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

 

ကမ္ဘာပတ်လမ်းကြောင်းအတွင်းရောက်ရှိသွားသည့် အာကာသယာဉ်နှင့်အတူ လကမ္ဘာပတ်ဂြိုလ်တု၊လဆင်းယာဉ် နှင့် လပေါ်သွားယာဉ်များ ပါဝင်ပြီး လကမ္ဘာပေါ်သို့လာမည့် ဩဂုတ်လ ၂၃-၂၄ ရက်များတွင် ဆင်းသက်နိုင်ရန် စီစဉ်ထားသည်။

 

အကယ်၍လပေါ်ဆင်းသက်မှု အောင်မြင်ပါက အိန္ဒိယသည် အမေရိကန်၊ ဆိုဗီယက် နှင့် တရုတ်တို့ပြီးလျှင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လပေါ်သို့ ဆင်းသက်နိုင်သည့်နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်သည်။

 

အာကာသယာဉ်လွှတ်တင်မှု အောင်မြင်ခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယခုအောင်မြင်မှုမှာ အန္ဒိယ၏ အာကာသခရီးရှည်စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။



 

အာကာသယာဉ်ပစ်လွှတ်မှုကို ထောင်ပေါင်းများစွာသော အိန္ဒိယပြည်သူများက ဒုံးပျံပစ်လွှတ်ရာစခန်းအနီးမှ စောင့်ကြည့်ခဲ့ကြပြီး လက်ခုပ်တီကာ အားပေးခဲ့ကြသလိုအာကာသဒုံးပျံစခန်းမှ ပညာရှင်များကလည်း " အမိ အိန္ဒိယ အောင်ပွဲ"ဟု လက်ခုပ်တီးကာ ကြွေးကြော်ခဲ့ကြသည်။

 

 " ချန်ဒရာယန်း-၃ ရဲ့လကမ္ဘာခရီးစဉ်ဟာ စတင်ပါပြီ" ဟု အိန္ဒိယအာကာသ သုတေသနအဖွဲ့( Isro ) အကြီးအကဲ ဆရီဒါရာ ဆိုမာနက်က အောင်မြင်စွာလွှတ်တင်အပြီးတွင်ပြောကြားခဲ့သည်။

 

ယခုလွှတ်တင်လိုက်သည့်အာကာသယာဉ် ချန်ဒရာယန်း-၃ သည် အိန္ဒိယ၏ လကမ္ဘာ စူးစမ်းလေ့လာရေးစီမံကိန်းအဆင့် (၃) ဖြစ်ပြီး ယခင် လကမ္ဘာစီမံကိန်းများ၏ အောင်မြင်မှုများကိုထပ်ဆင့်အကောင်အထည်ဖော်နိုင်ခြင်းဖြစ်သည်။

 

အိန္ဒိယနိုင်ငံ၏ပထမဦးဆုံး လကမ္ဘာစူးစမ်းလေ့လာရေးစီမံကိန်း Chandrayaan-1 ကို၂၀၀၈ ခုနှစ်က စတင်အကောင်အထည်ခဲ့ပြီး လကမ္ဘာပေါ်တွင် ရေရှိမရှိ လေ့လာခြင်းနှင့် လ၏ လေထုတည်ရှိမှုကို အတည်ပြုနိုင်ခဲ့သည်။

 

လကမ္ဘာစူးစမ်းလေ့လာရေးဒုတိယစီမံကိန်းအဖြစ် Chandrayaan-2 အာကာသယာဉ်ကို ၂၀၁၉၊ ဇူလိုင်လတွင် ပစ်လွှတ်ခဲ့ရာ အပြည့်အ၀အောင်မြင်မှုမ၇ခဲ့ပေ။

 

လကမ္ဘာပတ်လမ်းကြောင်းပေါ်ရောက်အောင် ဂြိုလ်လ်တုပစ်လွှတ်နိုင်ခဲ့သော်လည်း လဆင်းယာဉ်မှာလမျက်နှာပြင်ပေါ်အရောက်တွင် ပျက်စီးသွားခဲ့သည်။

 

ယခုလွှတ်တင်သည့်Chandrayaan-3 အာကာသယာဉ်မှာ အိန္ဒိယ၏ တတိယမြောက် လကမ္ဘာစီမံကိန်းဖြစ်ပြီးပထမစီမံကိန်းအပြီး ၁၃ နှစ်အကြာတွင် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

 

 ရည်ရွယ်ထားသည့်အတိုင်းလကမ္ဘာ၏ လူသိနည်းသော တောင်ဝင်စွန်းအနီးသို့ ငြင်သာစွာဆင်းသက်နိုင်မည်ဆိုပါက အိန္ဒိယသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လကမ္ဘာပေါ် အာကာယာဉ်စေလွှတ်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်သွားမည်ဖြစ်သည်။

 

NN-27

 ref: BBCworld

#အိန္ဒိယ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.