အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

အဓိကအတိုက်အခံများမပါဝင်သည့် ကမ္ဘောဒီးယားရွေးကောက်ပွဲ ဟွန်ဆန်​၏အာဏာရပါတီကပင် တောင်ပြိုကမ်းပြို အနိုင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 600

အဓိကအတိုက်အခံပါတီများအား ရှင်းလင်းဖယ်ရှားထားသည့် ကမ္ဘောဒီယား ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့ရာ လက်ရှိအာဏာရ ဝန်ကြီးချုပ် ဟွန်ဆန်​၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)ကပင် တောင်ပြိုကမ်းပြို ရာခိုင်နှုန်းပြည့် အနိုင်ရခဲ့သည်ဟု သိရသည်။

အသက် ၇၀ ရှိပြီဖြစ်သော ခမာနီကေဒါဟောင်း ဟွန်ဆန်သည် ၁၉၈၅ခုနှစ်မှ ယခုချိန်အထိ ကမ္ဘောဒီးယားအား အုပ်ချုပ်လာခဲ့ပြီး ယခု ရွေးကောက်ပွဲတွင်လည်း အဓိကအတိုက်အခံပါတီများကို ပိတ်ပင်ထားခြင်း၊ ၎င်း​၏ အာဏာအား စိန်ခေါ်နိုင်သည့် အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတွင်းမှ မောင်းထုတ်ထားခြင်းဖြင့် ပြိုင်ဘက်မရှိ အနိုင်ရခဲ့သည်ဟု ဆိုည်။

ဟွန်ဆန်​၏ Cambodian People Party သည် အောက်လွှတ်တော် အမတ် (၁၂၅)နေရာလုံးတွင် အနိုင်ရသည့်အတွက် အာဏာကို ဆက်လက်ချုပ်ကိုင်ပြီး ၎င်း​၏ သားဖြစ်သူကို အာဏာ လွှဲပြောင်းပေးရန် စီစဉ်ထားခြင်းဖြင့် မြောက်ကိုးရီးယားပုံစံ အာဏာ အမွေဆက်ခံမှုပြုလုပ်ခဲ့သည်ဟု ဝေဖန်သူအချို့က ဆိုသည်။

ရွေးကောက်ပွဲကျင်းပခါနီးအချိန်တွင် အဓိကအတိုက်အခံပါတီတစ်ခုအား ပယ်ဖျက်လိုက်သဖြင့် ရွေးကောက်ပွဲတွင် ငွေကြေးမပြည့်စုံသည့် မထင်မရှား ပါတီငယ် (၁၇)ခုသာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရခဲ့ပေ။

" ကျွန်တော်တို့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ဆန္ဒမဲအားလုံးရဲ့ ၇၈% ကနေ ၈၀% အထိ ကျွန်တော်တို့ ရခဲ့ပါတယ်" ဟု ဟွန်ဆန်​၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီကမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ကြီးမှူးကျင်းပပေးခဲ့သည့် ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ခုနစ်ကြိမ်မြောက် ယခုရွေးကောက်ပွဲသို့ မဲဆန္ဒရှင် ၉.၇သန်း လာရောက်မဲပေးခဲ့သည်ဟု ဆိုသည်။

​ဟွန်ဆန်​၏ ပါတီ အနိုင်ရရန်သေချာသွားပြီဖြစ်၍ သူ​၏ မူလအစီအစဉ်အတိုင်း သားဖြစ်သူ ဟွန် မာနက် ကို လာမည့် ရက်အနည်းငယ်အတွင်း အာဏာလွှဲပြောင်းပေးတော့မည်ဟု သိရသည်။

အမေရိကန် နှင့် ဗြိတိန်နိုင်ငံများတွင် ပညာသင်ကြားခဲ့သော ဟွန်မာနက် အနေဖြင့် ကမ္ဘောဒီးယားကို ဦးဆောင်နိုင်စွမ်းရှိမရှိ စောင့်ကြည့်ရမည်ဟု သုံးသပ်မှုများရှိသော်လည်း ဟွန်ဆန်ကနောက်ကွယ်မှ ကြိုးကိုင်အုပ်ချုပ်မည်ကို အားလုံးက သိနေကြသည်။

ဟွန်ဆန်​၏ ကမ္ဘောဒီးယားပြည်သူ့ပါတီအား စိန်ခေါ်နိုင်စွမ်းရှိသည့် တစ်ခုတည်းသော Candlelight ပါတီမှာ သတ်မှတ်ချက်များမပြည့်စုံဟု ဆိုကာ ပြီးခဲ့သည့် မေလက မှတ်ပုံတင်ခွင့်မပြုဘဲ ပယ်ဖျက်ခြင်းခံခဲ့ရသည်။

အတိုက်အခံပါတီ မရှိသလောက် အင်အားနည်းသော ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဟွန်ဆန်​၏ ပါတီက အနိုင်ရပြီး အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ခဲ့သည်။

NN-27

ref:can

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!