အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

အင်ဒိုနီးရှား၌ ကူးတို့သင်္ဘော နစ်မြုပ်၍ ၁၅ ဦးသေဆုံးပြီး ၁၉ ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 754

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်း ကမ်းလွန်တွင် တနင်္ဂနွေနေ့ သန်းခေါင်ကျော် ( တနင်္လာနေ့ မနက်စောစောပိုင်း) က ခရီးသည် ၄၀ ဦးလိုက်ပါလာသည့် ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးလျှက်ရှိသည်ဟု သိရသည်။

​ဒေသခံ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး​၏ ပြောကြားချက်အရ ခရီးသည်တင်ကူးတို့သင်္ဘောသည် သန်းခေါင်ယံကျော်ခါစ အချိန်တွင် နစ်မြုပ်ခဲ့ပြီး ၁၅ ဦးသေဆုံးကာ ၁၉ ဦးပျောက်ဆုံးနေပြီး ၆ ဦးကို ကယ်တင်ရရှိခဲ့သည်ဟုသိရသည်

သင်္ဘောနစ်မြုပ်ရသည့်အကြောင်းကိုမူ မသိရှိရသေးပေ။

ဆူလာဝေဆီ အရှေ့တောင်ပိုင်း ကင်ဒါရီမြို့ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မိုဟာမက် အာရာဖာက ပျောက်ဆုံးနေသည့် လူ ၁၉ ဦးကို ရှာဖွေကယ်တင်ရန် အဓိကကြိုးစားနေကြောင်း၊ အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ရှာဖွေနေရာ တစ်ဖွဲ့က နစ်မြုပ်သည့်နေရာတွင် ရှာဖွေပြီး တစ်ဖွဲ့က ရာဘာလှေများ အသုံးပြုပြီး အနီးတစ်ဝိုက် ရှာဖွေနေသည်ဟု ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ကူးတို့သင်္ဘောများတွင် အမှန်တကယ်တင်ဆောင်သည့် ခရီးသည်အရေအတွက်နှင့် စာရင်းတွင်ဖော်ပြသည့် အရေအတွက် အမြဲတမ်း ကွဲလွဲနေတတ်သည်။

ကျွန်းပေါင်း ၁၇၀၀၀ ခန့်ရှိသော အင်ဒိုနီးရှားနိုင်ငံရှိ ပြည်သူအချို့မှာ ဘေးအန္တရာယ်စိတ်မချရသော ကူးတို့သင်္ဘောများကို အသုံးပြုကာ တစ်နေရာမှ တစ်နေရာသို့ သွားလာရာနေကြရပြီး မကြာခဏ ဆိုသလို ရေယာဉ်မတော်တဆနစ်မြုပ်မှုများ ဖြစ်ပေါ်တတ်သည်။

ပြီးခဲ့သည့်နှစ် မေလက ခရီးသည် ၈၀၀ကျော်တင်ဆောင်လာသည့် ကူးတို့သင်္ဘောတစ်စီး အရှေ့ နူဆာ တန်ဂါရာပြည်နယ် ကမ်းခြေအနီးတွင် နှစ်ရက်ကြာ သောင်တင်ခဲ့သည်ဟု သိရသည်။

 

NN-27

ref:dhakatribune

ဆက်စပ် သတင်းများ