Preview

ထိုင်ဝမ်ကို စစ်ရေးအကူအညီ ဒေါ်လာ ၃၄၅သန်းပေးမည်ဟု အမေရိကန်ကြေညာ

ဇူလိုင် ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :1482
နိုင်ငံတကာ သတင်း

အမေရိကန်ကထိုင်ဝမ်ကို စစ်ရေးအကူအညီ ဒေါ်လာ ၃၄၅သန်းဖိုး ပေးအပ်သွားမည်ဟု ယမန်နေ့ ဇူလိုင် ၂၈ ရက်ကကြေညာလိုက်သည်။

အဆိုပါအကူအညီသည် တရုတ်ကို တန်ပြန်ဖို့ သမ္မတ ဘိုင်ဒန်အစိုး၇၏ ထိုင်ဝမ်ကိုပထမဦးဆုံးပေးအပ်သည့် အဓိက အကူအညီလည်းဖြစ်သည်။

အိမ်ဖြူတော်ကထုတ်ပြန်သည့် ကြေညာချက်အရ ပေးအပ်မည့်အကူအညီများအထဲတွင် ထိုင်ဝမ်သားများအတွက်ကာကွယ်ရေး၊ ပညာရေးနှင့် လေ့ကျင့်ရေးများ ပါဝင်သည်ဟု သိ၇သည်။

အမေရိကန်ကပေးပို့သည့် အကူအညီများအထဲတွင် လူကိုယ်တိုင် သယ်ဆောင်ပစ်ခတ်နိုင်သည့် လေကြောင်းကာကွယ်ရေးစနစ်(MANPADS)၊ သတင်းထောက်လှမ်းရေး နှင့် စူးစမ်လေ့လာရေးဆိုင်ရာစွမ်ဆောင်ရည်ပစ္စည်းများ၊ လက်နက်ကြီးများနှင့် ဒုံးကျည်များ ပါဝင်သည်ဟုအမည်မဖော်လိုသူ အမေရိကန်အရာရှိ နှစ်ဦးက ပြောသည်။

အဓိကရည်ရွယ်ချက်မှာ တရုတ်၏ တိုက်ခိုက်လာနိုင်ခြေကို ဟန့်တားဖို့နှင့် တရုတ်ကိုတန်ပြန်နိုင်အောင် ကူညီမှုဖြစ်သည်ဟုလည်း သိ၇သည်။

အဆိုပါအကူအညီပေးမှုကို တရုတ်သံတမန်များက ကန့်ကွက်ခဲ့သော်လည်း ဝါရှင်တန်တွင်ရှိသည့် ထိုင်ဝမ်ကုန်သွယ်ရေးရုံးကသိုလှောင်ထားသည့် လက်နက်နှင့် အခြားပစ္စည်းများကို ယခုကဲ့သို့ ထုတ်ပေးသည့် အမေရိကန်၏ဆုံးဖြတ်ချက်သည် ထိုင်ဝမ်၏ မိမိကိုယ်မိမိ ကာကွယ်ရေး အထောက်အကူပြုမည့် အဓိကလက်နက်ကိရိယာများဖြစ်သည်ဟုပြောသည်။

အမေရိကန်နိုင်ငံနှင့်ထိုင်ဝမ်အကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ထိုင်ဝမ်ရေလက်ကြားမှာ နေမြဲအတိုင်းရှိရေးအတူတကွ လက်တွဲလုပ်ကိုင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။(NN-27)

ဓာတ်ပုံ - Financial Express

#အမေရိကန်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.