ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်နိုင်ငံလုံး ကုန်ထုတ်လုပ်မှု ပမာဏ (GPD)သည်ယခု ၂၀၂၃ခုနှစ်အကုန်တွင် အမေရိကန်ဒေါ်လာ၁ ဒဿမ ၅ရရထရီလျံအထိ ရောက်ရှိလာမည်ဟု ကမ္ဘာ့စီးပွားရေးအစီရင်ခံစာ၌ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ထုတ်ကုန်ပမာဏသည် အလျင်အမြန်တိုးတက်နေပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းတရားဝင်ရော၊ အတည်ပြုချက်မရှိသည့် စာရင်းများအရဆိုလျှင် ဘင်္ဂလားဒေ့ရှ်သည်အာရှပစိဖိတ် ဒေသတွင် အဆင့်(၁၀)ရှိ ဩစတြေးလျ၊အဆင့်(၁၁)ရှိ ပါကစ္စတန်တို့၏အထက်တွင် ရောက်ရှိနေပြီး ၂၀၂၃ နောက်ပိုင်းအထိ ဆက်လက်တိုးတက်တက်နေမည်ဟုခန့်မှန်းထားသည်။
ကမ္ဘာ့စီးပွားရေးအစီရင်ခံစာအ၇( ၂၀၂၀-၂၀၃၀) ဆယ်စုနှစ်တစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုတန်ဖိုး ( GDP) သည် ပိုလန်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကို ကျော်လွန်သွားမည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်(၂၀၂၃ ဇွန်လအထိ) အာရှ ပစိဖိတ်ဒေသတွင် နိုင်ငံပေါင်း(၃၂)နိုင်ငံအနက် စီးပွားရေးတိုးတက်မှုအလျင်မြန်ဆုံးနိုင်ငံဖြစ်သည်ဟုလည်း ကမ္ဘာ့စီးပွားရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေးအစီရင်ခံစာ၏ဖော်ပြချက်အ၇ ၂၀၁၇ ခုနှစ် အစောပိုင်းက ခန့်မှန်းခဲ့သောဘင်္ဂလားဒေ့ရှ်၏ ကုန်ထုတ်လုပ်မှုပမာဏသည် ၂၀၂၂ကုန်တွင် ဒေါ်လာ၁ ဒဿမ ၀၇၄ ထရီလျံ ရှိမည်ဟုဆိုသည်။
၂၀၂၃ ခုနှစ်ဇွန်လတွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ဘင်္ဂလားဒေ့ရှ်၏ GDP သည်ဒေါ်လာ ၁ ဒဿမ ၄၉၅ထရီလျံရှိရာ မူလခန့်မှန်းထားသည်ထက် ၃၉% ပိုမို များပြားနေသည်ကိုတွေ့ရှိ၇သည်။
ယခုထုတ်ပြန်လိုက်သည့်ခန့်မှန်းချက်များအရ ဘင်္ဂလားဒေ့ရှ်၏ ကုန်ထုတ်လုပ်မှုပမာဏသည်ကမ္ဘာပေါ်တွင် ၂၅ ခုမြောက်အကြီးဆုံးဖြစ်ပြီး အာရှ ပစိဖိတ်ဒေသတွင်၉ ခုမြောက် အကြီးဆုံး ဖြစ်သည်ဟုသိ၇သည်။
၂၀၂၃ခုနှစ်အတွက် ခန့်မှန်းထုတ်ပြန်သော အချက်အလက်များသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏တိုးတက်မှုအစီရင်ခံစာကို အခြေခံပြီးကမ္ဘာစီးပွားရေး ကုန်ထုတ်လုပ်မှုပမာဏ(GDP) ကို တွက်ချက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
NN-27
Ref and photo dhakatribune