Preview

ထိုင်းတွင် ရှစ်ပါတီညွန့်ပေါင်းအဖွဲ့မှ Move Forward ပါတီအား ချန်လှပ်ပြီး အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေ

သြဂုတ် ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :645
နိုင်ငံတကာ သတင်း

ရွေးကောက်ပွဲအနိုင်ရရှစ်ပါတီညွန့်ပေါင်းအဖွဲ့မှ Move Forward ပါတီအား ချန်လှပ်ကာ (Pheu Thai) ဖွေ့ထိုင်းပါတီကဦးဆောင်ပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန်ပြင်ဆင်နေသည်ဟု မဟာမိတ် ပါတီများနှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။

ဆက်သွယ်ရေးကုမ္ပဏီသူဌေးကြီး သက်ဆင်၏ ကျောထောက်နောက်ခံဖြင့် ထူထောင်ထားသော ဖွေ့ထိုင်း( Pheu Thai ) ပါတီက စီးပွားရေးလုပ်ငန်းရှင် " ဆရက်ထာ ထာဗီဆင်" ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းကာ လာမည့် သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင်မဲပေးရွေးချယ်ရန်စီစဉ်ထားသည်။

အဆိုပါအစီအစဉ်အရရွေးကောက်ပွဲတွင် အမတ်အများဆုံးဖြင့် အနိုင်ရထားသည့် Move Forward ပါတီမှာအစိုးရသစ်ဖွဲ့စည်းရာ၌ ပါဝင်ခွင့်၇တော့မည်မဟုတ်ပေ။

" ဖွေ့ထိုင်းပါတီအနေနဲ့Move Forward ပါတီ နဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို ရုပ်သိမ်း ပါမယ်။ပြီးရင် ဆရက်ထာ ထာဗီဆင် ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ပြီး အစိုးရဖွဲ့ဖို့ ရှိပါတယ်" ဟု ဖွေ့ထိုင်းပါတီကပြောကြားသည်။

ပြီးခဲ့သည့်မေလ ၁၄ရက် ထိုင်းအောက်လွှတ်တော် ရွေးကောက်ပွဲတွင်ခေတ်ပညာတတ် လူငယ်လူရွယ်များဦးဆောင်သောMove Forward ပါတီက အမတ်ဦးရေ(၁၅၁)ဦးဖြင့်အများဆုံးအနိုင်ရရှိခဲ့သော်လည်း ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်အား ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်တွင်း မဲပေးရွေးချယ်ရာ၌လိုအပ်သော ဆန္ဒမဲအရေအတွက် မရရှိသဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ခြင်းမရှိခဲ့ပေ။

ဝန်ကြီးချုပ်လောင်းအဖြစ်ဒုတိယအကြိမ် လွှတ်တော်တွင် ထပ်မံရွေးချယ်ရန်ပြုလုပ်စဉ်ထိုင်းအခြေခံဥပဒေခုံရုံးက ပီတအား လွှတ်တော်အမတ်အရည်အချင်း မပြည့်မီဟုစွပ်စွဲထားသည့် အတွက် ထပ်မံရွေးချယ်နိုင်ခြင်းမရှိခဲ့ပေ။ ပီတ၏ဝန်ကြီးချုပ်နေရာကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးပရာယွတ်က ခန့်အပ်ထားသည့် အထက်လွှတ်တော်အမတ်များကကန့်ကွက်သဖြင့် ယခုကဲသို့ ဝန်ကြီးချုပ်ရွေးချယ်ရေးမအောင်မြင်၇ခြင်းဖြစ်သည်။

Move Forward ပါတီ၏ မူဝါဒများအနက် ထိုင်းဘုရင့်အာဏာအား ကန့်သတ်ထားသည့် ပုဒ်မ -၁၁၂ကို ပြင်ဆင်ရန် ပါဝင်သဖြင့် စစ်တပ် နှင့်ဘုရင်လိုလားသော အထက်လွှတ်တော်အမတ်များကထောက်ခံခြင်း မရှိပေ။

ဖွေ့ထိုင်းပါတီ၏ဒုတိယခေါင်းဆောင် ဖွန်သမ် ဝီချာရာချိုင်းက ဖွေ့ထိုင်းပါတီကဦးဆောင်ဖွဲ့စည့်မည့် အစိုးရသည် ဘုရင့်အာဏာကို ကန့်သတ်သည့် ပုဒ်မ-၁၁၂ပြင်ဆင်မှုကို ထောက်ခံမည်မဟုတ်ဘဲ စီးပွားရေး နှင့် နိုင်ငံရေးပြဿနာများကိုအဓိက ကိုင်တွယ်သွားမည်ဟု ဆိုသည်။

ယခုကဲ့သို့ရှစ်ပါတီညွန့်ပေါင်းအဖွဲ့မှ Move Forward ပါတီအား ဖယ်ရှားလိုက်သည့်အတွက် ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့ပေါ်တွင် MoveForward ပါတီအားထောက်ခံသူရာပေါင်းများစွာတို့သည် မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့်ဟွန်းများတီးကာ ကန့်ကွက်ချီတက် ဆန္ဒပြခဲ့ကြသည်။ NN-27

ref: Bangkok Post

 

 

#ထိုင်းနိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.