(ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဓိကငလျင်ပြတ်ရွေ့ကျော သုံးခုပေါ်တွင် တည်ရှိ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဩဂုတ် ၁၄ ရက် တနင်္လာနေ့ ည၈:၄၉ နာရီ အချိန်က အင်အား ၅ ဒဿမ ၅ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ ဒက္ကားမြို့တော်အပါအဝင်နိုင်ငံနေရာအနှံ့အပြားမှ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရသည်ဟု သိ၇သည်။
ငလျင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ဟက်မြို့ အရှေ့မြောက်ဘက် မိုင်၃၀ အကွာကို ဗဟိုပြု၍ မြေအောက်မိုင် ၂၀တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဥရောပ-မြေထဲပင်လယ်ငလျင်တိုင်းတာရေးဌာနက ထုတ်ပြန်ကြေညာသည်။
ငလျင်လှိုင်းများကို အိန္ဒိယ၊မြန်မာ၊ဘူတန် နှင့် တရုတ်နိုင်ငံများအထိ သိရှိခံစားခဲ့ရပြီးပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်စာရင်း လောလောဆယ် မသိရှိ၇သေးဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၅ရက် ကလည်း အင်အား ၄ ဒဿမ ၅ မဂ္ဂနီကျုရှိငလျင်တစ်ခု လှုပ်ခဲ့ရာ ဒက္ကာမြို့တွင်အထိတ်တလန့်ဖြစ်ခဲ့သေးသည်။
ပညာရှင်များ၏အဆိုအရ ဘင်္ဂလားဒေ့ရှ်တွင် ငလျင်လှုတ်ခတ်မှုကြောင့်သေဆုံး၇သူ ၉၀%မှာ အဆင့်အတန်းမမီ ဆောက်လုပ်ထားသောအဆောက်အဦးများပြိုကျပြီး ပိတ်မိနေသူများဖြစ်သည်ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဓိကငလျင်ပြတ်ရွေ့ကျော သုံးခုပေါ်တွင် တည်ရှိနေပြီးအဆိုပါ ပြတ်ရွေ့ကြောများသည် ဆိုင်းဟက်၊ စစ်တကောင်း နှင့် ဒက္ကာမြို့ကြီးသုံးမြို့အောက်တွင်ရှိနေသည်ဟု ဆိုသည်။
NN-27
ref:Dhaka tribune