ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မလေးရှားတွင် ကိုယ်ပိုင်လေယာဉ်တစ်စီး အဝေးပြေးကားလမ်းမပေါ်ပျက်ကျပြီး လူ ၁၀ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 548

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် ကြာသပတေးနေ့က ကိုယ်ပိုင်လေယာဉ်ငယ်တစီး ပျက်ကျခဲ့ရာ အဝေးပြေးလမ်းမပေါ် သွားလာနေသော မော်တော်ဆိုင်ကယ်စီးသူတစ်ဦး နှင့် ကားမောင်းသူတစ်ဦးအပါအဝင် စုစုပေါင်း လူ ၁၀ ဦး သေဆုံးသွားသည်ဟု သိရှိရသည်။

“ ခုချိန်ထိ ကျွန်တော်ပြောနိုင်တာ ကားလမ်းပေါ် ဖြတ်သွားတဲ့ မော်တော်ဆိုင်ကယ်မောင်းသူတစ်ဦးနဲ့ မော်တော်ကားမောင်းသူတစ်ဦး အပါအဝင် လေယာဉ်ပေါ်ပါလာတဲ့ လူ ရှစ်ဦးစလုံး သေဆုံးသွားပြီဆိုတာပဲ” ဟု ရှားအလမ်ခရိုင် ရဲမှူးကြီး မိုဟာမက် အီဗရာဟင်က အေအက်ဖ်ပီသို့ ပြောကြားသည်။

ခရီးသည် ၆ ဦး နှင့် လေယာဉ်မောင်း နှစ်ဦး လိုက်ပါလာသည့် ကိုယ်ပိုင်လေယာဉ်ငယ်သည် လန်ကာဝီ အပန်းဖြေကျွန်းမှ ဆူဘန်းလေယာဉ်ကွင်းသို့ ပျံသန်းလာစဉ် မွန်းလွဲ ၂နာရီ ၁၀မိနစ်အချိန်တွင် ပျက်ကျသွားခြင်းဖြစ်သည်။ လေယာဉ်ငယ်သည် လေကြောင်းထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် အဝေးပြေးလမ်းမပေါ်သွားနေသော မော်တော်ဆိုင်ကယ်တစ်စီးနှင့် ကိုယ်ပိုင်ကားတစ်စီးပေါ် ပျက်ပျသွားခြင်း ဖြစ်သည်ဟု ဆီလန်ဂေါပြည်နယ် ရဲမှူးကြီး ဟူစိန် အိုမာခန်းက သတင်းထောက်များကို ပြောကြားသည်။

“ ကားလမ်းပေါ် အရေးပေါ်ဆင်းသက်ဖို့ ကြိုတင်သတင်းပေးတာလည်း မရှိခဲ့ဘူး” ဟု သူက ဆိုသည်။ လူမှုကွန်ယက်များပေါ်တွင် ဖော်ပြနေသော ဗီဒီယို နှင့် ဓါတ်ပုံများအရ အဝေးပြေးကားလမ်းမ၏ မီးလောင်နေသောအစိပ်အပိုင်းနှင့် မီးခိုးများ ထွက်နေသည်ကို မြင်တွေ့ကြရသည်။

ကိုယ်ပိုင်လေယာဉ်ငယ်သည် လေဆိပ်ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ်ပြတ်ပြီးနောက် အဝေးပြေးလမ်းမပေါ်ဆင်းသက်ရန်ကြိုးစားစဉ် ကားလမ်းမပေါ်အရှိန်နှင့်ကျရောက်ပြီး မီးလောင်ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု မလေးရှားတူဒေး သတင်းစာတွင် ရေးသားဖော်ပြထားသည်။

 NN-27

ref:CAN

ဆက်စပ် သတင်းများ