ထိုင်ဝမ် ဒု-သမ္မတ ဝီလျံလိုင်းအမေရိကန်သို့ သွားရောက်ခဲ့မှုကို တရုတ်နိုင်ငံက ဒေါသထွက်ခဲ့ပြီးနောက်စနေနေ့က တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်လည်တွင် စစ်ရေးလေ့ကျင့်ကာတုန့်ပြန်ခဲ့သည်။
လာမည့် ဇန်နဝါရီလထိုင်ဝမ်ရွေးကောက်ပွဲတွင် သမ္မတဖြစ်ရန် အလားအလာကောင်းနေသော ဝီလျံလိုင်းသည်သောကြာနေ့က အမေရိကန်မှ ပြန်လည်ရောက်ရှိလာခဲ့သည်။ လိုင်းသည်ပါရာဂွေးသို့အသွား အမေရိကန်တွင် ခရီးတထောက် ရပ်နားခဲ့ခြင်းသာဖြစ်ပြီးအမေရိကန်တွင်ရှိစဉ် မိန့်ခွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဒီမိုကရက်တစ်နည်းဖြင့်အုပ်ချုပ်နေသော ထိုင်ဝမ်ကို ၄င်း၏ ပိုင်နက်အဖြစ် ခံယူထားသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အရှေ့ပိုင်းဒေသစစ်ဌာနချုပ်က ထိုင်ဝမ်ကျွန်းအနီးပတ်ဝန်းကျင်တွင်တရုတ်ရေတပ် နှင့် လေတပ်တို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု ကြေညာခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကစနေနေ့မနက်ပိုင်းတွင် တရုတ်လေယာဉ် ၄၂ စင်း နှင့် စစ်သင်္ဘော ၈ စီးတို့ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် PLAက ကြေညာချက်ထုတ်ပြန်ရာတွင် တရုတ်တပ်မတော်၏စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ရန် ထိန်းချုပ်ရေး နှင့် လေယာဉ်-သင်္ဘောပူးပေါင်းဆောင်ရွက်ရေးအတွက် ရေတပ် နှင့် လေတပ်ပူးတွဲလေ့ကျင့်ခဲ့ကြသည်ဟု ဆိုသည်။
ref: bdnews