Preview

ထိုင်းဝန်ကြီးချုပ်သစ် ဆရက်ထာ ထာဝီဆင် ရင်ဆိုင်၇မည့် ပြဿနာများဘာတွေဖြစ်မလဲ....

သြဂုတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :832
နိုင်ငံတကာ သတင်း

မေလ၁၄ ရက် ရွေးကောက်ပွဲပြီးကတည်းက လိပ်ခဲတင်းလင်းဖြစ်နေခဲ့သော ထိုင်းနိုင်ငံရေး အကျပ်အတည်းမှာဖွေ့ထိုင်းပါတီမှ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဆရက်ထာ ထာဝီဆင်အား ထိုင်းလွှတ်တော်နှစ်ရပ်စလုံးက ဝန်ကြီးချုပ်အဖြစ်ထောက်ခံမဲပေး ရွေးချယ်လိုက်ပြီးနောက် ပြီးဆုံးသွားခဲပြီဖြစ်သည်။

ဆရက်ထာထာဝီဆင် အား လွှတ်တော်နှစ်ရပ်လုံးက ထောက်ခံမဲပေးခဲ့ပြီးနောက် ဩဂုတ်လ ၂၃ရက်တွင် ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ရာသူသည် ထိုင်းနိုင်ငံ၏ ၃၀ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီဖြစ်သည်။

ထာဝီဆင်ဝန်ကြီးချုပ်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပထမဆုံး ရင်ဆိုင်ရမည်မှာ ကြီးမားသော မျှော်လင့်ချက်များကိစ္စ ဖြေရှင်းရန် ဖြစ်သည်။ လွှတ်တော်က သူ့အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ပြီး မကြာမီ မဲဆန္ဒရှင်များနှင့် မီဒီယာများက မေးမြန်းကြသည်မှာလူတိုင်းအတွက် ဘတ် ၁၀၀၀၀ ကို ဘယ်တော့ပေးမလဲဆိုတာဖြစ်သည်။

 

ရွေးကောက်ပွဲမတိုင်ခင်ကဖွေ့ထိုင်းပါတီအနိုင်၇လျှင် အသက် ၁၆နှစ်အထက် ထိုင်းပြည်သူ တစ်ယောက်ချင်းစီကိုဘတ် ၁၀၀၀၀ ပေးမည်ဟု ကတိပြုထားခဲ့သည်။ လာမည့်သုံးနှစ်အတွင်း တစ်နေ့လုပ်ခ အနိမ့်ဆုံး ဘတ် ၆၀၀ ရရှိစေမည်ဖြစ်ပြီး ဘွဲ့၇ ဝန်ထမ်းတစ်ဦး၏ လစာကို ၂၅၀၀၀ သတ်မှတ်ပေးမည်ဟုအာမခံထားခဲ့သည်။ ဘန်ကောက်နေသူများအတွက်၇ထားလက်မှတ်ကို ဘတ် ၂၀ထိ လျှော့ချပေးမည်ဟု ဆိုထားသည်။

 

 နိုင်ငံ့ဘဏ္ဌာတွင်ငွေကြေးအလုံအလောက်ရှိပါက ဖွေ့ထိုင်းပါတီအတွက် အလွန်ကောင်းမွန်မည် ဖြစ်သော်လည်းထာဝီဆင်အစိုး၇အတွက် ထိုအခြေအနေအထိ ကံမကောင်းသေးပါ။

 

ပြီးခဲ့သည့်နှစ်များအတွင်းကြွေးမြီမြင့်တက်နေခြင်း၊ ပို့ကုန်နည်းပါးသွားခြင်းနှင့်ချေးငွေ အမြောက်အများဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလကို ကျော်လွှားခဲ့ရခြင်းတို့ကြောင့် အစိုးရတွင်လုံလောက်သော ငွေကြေးပမာဏ မရှိပေ။

 

ဆရက်ထာထာဝီဆင် အတွက် အခြားစိန်ခေါ်မှုတစ်ခုက အစိုးရအပေါ် ယုံကြည်စိတ်ချမှု ပြဿနာဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအထိ ဒီမိုကရေစီကိုကာကွယ်သူများအဖြစ် ရပ်တည်လာခဲ့သောဖွေ့ထိုင်းအနေဖြင့် ယခုချိန်တွင် လူငယ်များ၏ Move Forward ပါတီနှင့်အယူအဆရေးရာ အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး “ဦးလေးများပါတီ “ဟု ခေါ်တွင်သည့် ယူနိုက်တက် ထိုင်းနေးရှင်း နှင့် ပလန်း ပရာချရတ် ပါတီတို့နှင့် သွားရောက်ဖောက်ပြန်ပူးပေါင်းခြင်းမှာအစိုးရအပေါ် ယုံကြည်မှု ပုံရိပ်ကို များစွာထိခိုက်စေခဲ့သည်။

 

ဆရက်ထာအဖို့အခြားသောခေါင်းခဲစရာ ပြဿနာများစွာလည်း ရှိနေသေးသည်။ ထိုအထဲတွင် ဆန်းဆီရီ အိမ်ခြံမြေ ဖွံ့ဖြိုးရေးကုမ္ပဏီတွင် တာဝန်ယူခဲ့စဉ်က ကျင့်ဝတ်ပိုင်းဆိုင်ရာ စွပ်စွဲချက်များကို ဖြေရှင်းရန်ဖြစ်သည်။

 

ထို့အပြင်ဖွေ့ထိုင်းအစိုးရလုပ်ဆောင်ရမည့်ကိစ္စတစ်ခုမှာ နိုင်ငံရေးအရ ကွဲပြားနေသောထိုင်းလူ့အဖွဲ့အစည်းအတွင်း အခြေခံပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်ဖြစ်သည်။

 

စစ်အစိုးရပါတီများနှင့်ပူးပေါင်းထားသော်လည်း ဖွေ့ထိုင်းပါတီအနေဖြင့်လွတ်လွပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် လူ့အခွင့်အရေးကိစ္စများကိုတွန်းအားပေးရန်တာဝန်ရှိသည်။

 

အထက်ပါကိစ္စများအပြင်အစိုးရသစ်အနေဖြင့် ယခင် ပရာယွတ်အစိုးရလက်ထက်က မလုပ်ဆောင်နိုင်ခဲ့သည့်ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူ တာဝန်ခံမှု ကို လုပ်ဆောင်နိုင်လိမ့်ဟုမျှော်လင့်ရသည်။  အားလုံးဖြေရှင်းရန် လွယ်ကူမည်တော့ မဟုတ်ပါ။

 

လတ်တလောဖွေ့ထိုင်းပါတီ ဖြေရှင်းရမည့် အဓိကကိစ္စတစ်ခု ရှိနေသေးသည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသူအဖြစ်ထင်ရှားသော ဆရက်ထာ ထာဝီဆင် လုပ်ဆောင်ရမည့်ကိစ္စတစ်ခုကလတ်တလော နိုင်ငံတော်အကျဉ်းသား ဖြစ်နေသည့် သက်ဆင်ရှင်နာဝပ်အပေါ် တရားရေးဝန်ကြီးဌာနက (မျက်နှာလိုက်ခြင်းမရှိဘဲ) မျှမျှတတပြမူဆောင်ရွက်စေခြင်းပဲ ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းက ဝန်ကြီးချုပ်သစ်တစ်ဦး၏ အကောင်းဆုံး တာထွက် ဖြစ်ပါလိမ့်မည်။

 

 NN-27

 

( Editorial of Bangkok Post. 24 August2023.)

#ထိုင်းနိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.