Preview

ဖူကူရှီးမားနျူးကလီးယားဓါတ်ပေါင်းဖိုတွင် အသုံးပြုပြီးသောရေများအား ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် တောင်ကိုးရီးယားနှင့် တရုတ်တွင် ဆန့်ကျင်ကန့်ကွက်မှုပေါ်ပေါက်

သြဂုတ် ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :963
နိုင်ငံတကာ သတင်း

(ပင်လယ်ရေတွင် ရေဒီယိုသတ္တိကြွမှုပမာဏ သတ်မှတ်ချက်အောက်သာရှိ ဟုဂျပန်ကပြောဆို)

ဂျပန်နိုင်ငံဖူကူရှီးမား နျူးကလီးယားဓါတ်ပေါင်းဖိုတွင် အသုံးပြုပြီးသော ရေများအားပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် ရေဒီယိုသတ္တိကြွဓါတ်များပျော်ဝင်ကာရေနေသတ္တဝါများ အဆိပ်သင့်နိုင်သည့် အတွက် ပြီးခဲ့သည့်ရက်များအတွင်း တောင်ကိုးရီးယား နိုင်ငံတွင် ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး တရုတ်နိုင်ငံကလည်းဂျပန်ငါးများကို တင်သွင်းမှုပိတ်ပင်ခဲ့သည်။

 

ဂျပန်နိုင်ငံသည်ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဖူကူရှီးမား နျူးကလီးယားဓါတ်ပေါင်းဖိုမှအသုံးပြုပြီး စွန့်ပစ်ရေများကို ကြာသပတေးနေ့က ပစိဖိတ်ပင်လယ်ထဲသို့ဖောက်ချခဲ့သည်။

 

ရေသတ္တဝါများအပေါ်အနုမြူရောင်ခြည်သင့်စေနိုင်သည့်အတွက် စိုးရိမ်မှုဖြစ်ပေါ်ကာအိမ်နီးချင်း နိုင်ငံများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရစဉ် ဂျပန်နိုင်ငံက ဖူကူရှီးမား ပတ်ဝန်းကျင်ရှိပင်လယ်ရေများကို ဓါတ်ခွဲစမ်းသပ်ကြည့်ရာရေဒီသတ္တိကြွမှုပမာဏမှာ သတ်မှတ်ထားသည်ထက် အလွန်နည်းပါးနေသည်ကိုတွေ့ရှိ၇ကြောင်း ဂျပန် သဘာ၀ပတ်ဝန်းကျင် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

 ဖူကူရှီးမားအနီးနေရာ ၁၁ ခုမှ ရေနမူနာများကို ဓါတ်ခွဲစမ်းသပ်ကြည့်ရာ ရေတစ်လီတာတွင်ပါဝင်သည့် အနိမ့်ဆုံးရေဒီယိုသတ္တိကြွမှုအောက်မှုသာ ရှိပြီး သဘာ၀ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ် ကျန်းမာရေးအရ တစ်စုံတရာ ထိခိုက်မှု မရှိနိုင်ဟုဂျပန်ပတ်ဝန်းကျင်ဝန်ကြီးဌာနက ဆိုသည်။

 

ပတ်ဝန်းကျင်ဝန်ကြီးဌာနအနေဖြင့်အပတ်စဉ် ရေနမူနာ စမ်းသပ်ချက်၇လဒ်များကို သုံးလတိတိထုတ်ပြန်သွားမည်ဟု ဆိုသည်။

 

ဂျပန်ငါးလုပ်ငန်း အေဂျင်စီကလည်း ဖူကူရှီးမား အနီးတစ်ဝိုက် ပင်လယ်ငါးများတွင်ရေဒီသတ္တိကြွဓါတ် ပါဝင်မှု မတွေ့ရှိ၇ဟု စနေနေ့က ပြောဆိုခဲ့သည်။ref:CAN


 ဓာတ်ပုံ- တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဆန္ဒပြကန့်ကွက်နေကြစဉ်။

 

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.