ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဩစတြေးလျတွင် စစ်ရဟတ်ယာဉ်ပျက်ကျပြီး အမေရိကန် မရိန်းတပ်သား သုံးဦးသေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 485

ဩစတြေးလျနိုင်ငံမြောက်ပိုင်းတွင် တနင်္ဂနွေနေ့က စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ အမေရိကန် မရိန်းတပ်သား သုံးဦး သေဆုံးပြီး ၂၀ဦး ဒဏ်ရာရသွားကြောင်း သိရှိရသည်။

MV-22B Osprey အမျိုးအစား စစ်ရဟတ်ယာဉ်သည် ဒါဝင်မြို့မြောက်ဘက် တီဝီကျွန်းသို့ အပြန်ခရီးတွင် ပျက်ကျသွားခြင်းဖြစ်ပြီး ငါးဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

အမေရိကန်၊ ဩစတြေးလျ၊ ဖိလစ်ပိုင်၊ အရှေ့တီမော နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စစ်သည်စုစုပေါင်း ၂၅၀၀ တို့ပါဝင်သည့် Predator Run စစ်ရေးလေ့ကျင့်မှုကာလအတွင်း ယခုလိုပျက်ကျခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူများအားလုံးဟာ အမေရိကန်တပ်ဖွဲ့ဝင်များဖြစ်ပြီး ဒါဝင်မြို့မြောက်ဘက် မယ်လ်ဗီးလ်ကျွန်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ငါးဦးကို ဆေးကုသဖို့ ဒါဝင်ကို ပြန်သယ်လာပြီး ဒဏ်ရာရသူတွေကို အခင်းဖြစ်နေရာမှာ ပြန်သယ်လာဖို့ ရွေးထုတ်နေတယ်”လို့ ဒေသခံရဲအရာရှိ မိုက်ကယ် မာဖီကပြောသည်။

ယခုရဟတ်ယာဉ်ပျက်ကျမှုမှာ တစ်လမကြာသည့် အချိန်အတွင်း ဩစတြေးလျမြောက်ပိုင်း၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ် ဒုတိယမြောက် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အမေရိကန် နှင့် ဩစတြေးလျတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ် ကွင်းစလန်းပြည်နယ် ကမ်းလွန်ပြင်တွင် ဩစတြေးလျစစ်သည်များ လိုက်ပါလာသည့် 45 MHR-90 Taipan အမျိုးအစား ရဟတ်ယာဉ်ပျက်ကျသဖြင့် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ref:BBCWorld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!