မွေးဖွားနှုန်းကျဆင်းနေသော တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုရန် မက်လုံးပေးသည့် အနေဖြင့် အသက် ၂၅ နှစ်နှင့် ၂၅ နှစ်အောက် သတိုးသမီးနှင့် လက်ထပ်သည့် မင်္ဂလာစုံတွဲ တစ်ခုကို ဆုကြေးငွေ ယွမ် ၁၀၀၀ (ဒေါ်လာ-၁၃ရ) ထောက်ပံ့ပေးမည်ဟု တရုတ်နိုင်ငံအရှေ့ပိုင်း ပြည်နယ်တစ်ခုက ကြေညာထားသည်။
ချန်ရှန်းပြည်နယ်တရားဝင် WeChat တွင် ဖော်ပြထားသည့် ကြေညာချက်အရ“အသက်အရွယ်မှန်အိမ်ထောင်ပြုမှု နှင့် ကလေးမွေးဖွားမှု “ ကို တွန်းအားပေးရန် ယခုကဲ့သို့ ထောက်ပံ့ခြင်းဖြစ်ပြီး ကလေးရရှိသူများအတွက် ကလေးပြုစုစောင့်ရှောက်မှု၊ ကျွေးမွေးမှု နှင့် ပညာသင်စရိတ်များ ပါဝင်သည်ဟု သိရှိ၇သည်
သက်ကြီးရွယ်အိုများအလျင်အမြန်တိုးပွါးလာခြင်းနှင့် ဆယ်စုနှစ် ခြောက်ခုအတွင်းပထမဆုံးအကြိမ် တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းလာမှုကြောင့် အာဏာပိုင်များသည်ကလေးမွေးဖွားနှုန်းမြင့်တက်လာစေရန် ငွေကြေးထောက်ပံ့ပေးခြင်းနှင့်ကလေးပြုစုစောင့်ရှောက်ရေးကို တွန်းအားပေး ဆောင်ရွက်လျှက်ရှိသည်။
တရုတ်နိုင်ငံ၏တရားဝင် အိမ်ထောင်ပြုအသက်အရွယ်မှာ အမျိုးသားများအတွက် ၂၂ နှစ်နှင့် အမျိုးသမီးများအတွက် ၂၀ နှစ်ဖြစ်သော်လည်း အိမ်ထောင်ပြုသူ စုံတွဲများ လျော့နည်းလာနေသည်။
ပြီးခဲ့သည့်ဇွန်လကထုတ်ပြန်ခဲ့သည့် အစိုးရစာရင်းအ၇ ၂၀၂၂ ခုနှစ်အတွင်း တရုတ်လူဦးရေ၆ ဒဿမ ၈သန်းသာ အိမ်ထောင်ပြုခဲ့ရာ ၁၉၈၆ နောက်ပိုင်း အနိမ့်ဆုံး လက်ထပ်နှုန်းဖြစ်ခဲ့သည်။ပြီးခဲ့သည့်နှစ်က လက်ထပ်နှုန်းမှာ ၂၀၂၁ ခုနှစ်ထက် ၈၀၀၀၀၀လျော့နည်းခဲ့သည်။
ကလေးပြုစုစောင့်ရှောက်မှုစရိတ်ကြီးမားလာခြင်းနှင့် အလုပ်အကိုင် ရပ်ဆိုင်းသွားခြင်းကြောင့်တရုတ်အမျိုးသမီးများ ကလေးယူရန် ဝန်လေးလာကြသည်။
အမျိုးသမီးများခွဲခြားဆက်ဆံခံရခြင်းနှင့် ရိုးရာအစဉ်အလာဓလေ့များအတိုင်း ကလေးပြုစု စောင့်ရှောက်ခြင်းများတရုတ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွါးရေးအခြေအနေကျဆင်းလာမှုကလည်း လူငယ်များ အိမ်ထောင်ပြုရန် နှင့် ကလေးရယူရန် ဆန္ဒကင်းမဲ့လာ၇ခြင်းအကြောင်းတစ်ခုဖြစ်သည်ဟုဆိုသည်။
NN-27
Photo: The Guardian