ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဩစတြေးလျအမျိုးသမီးတစ်ဦး၏ ဦးနှောက်အတွင်း ၈ စင်တီမီတာအရှည်ရှိ သံကောင်အရှင် တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 726

ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဩစတြေးလျအမျိုးသမီးတစ်ဦး၏ ဦးနှောက်အတွင်း အသက်ရှင်နေသော ၈ စင်တီမီတာအရှည်ရှိ သံကောင်တစ်ကောင်ကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

အမျိုးသမီး၏ ပျက်စီးနေသော ဦးနှောက်ရှေ့ပိုင်းအတွင်းမှ “ကြိုးပုံသဏ္ဌာန်ရှိ” အရာဝတ္ထုတစ်ခုကို ခွဲစိတ်ကုဆရာဝန်များက ဆွဲထုတ်ခဲ့ရသည်ဟုဆိုသည်။

“ကျွန်တော်တို့ လုံးဝ မမျှော်လင့်ထားတဲ့အရာပါ။ အားလုံး တုန်လှုပ်အံ့ဩခဲ့ရပါတယ်” ဟု ကင်ဘာရာမှ ခွဲစိပ်ခန်းဆရာဝန်ကြီး ဟာရီပရီယ ဘန်ဒီ က ပြောကြားခဲ့သည်။ အသက် ၆၄နှစ် အရွယ်ရှိ အမျိုးသမီးကြီးမှာ လပေါင်းများစွာ ဗိုက်နာသလို၊ ချောင်းဆိုးသလို ညပိုင်းဇောချွေးများပျံပြီး အိပ်မပျော်ဖြစ်ရာမှ သတိမေ့ခြင်းနှင့် စိတ်ကျရောဂါဖြစ်ပွါးခဲ့သည်။

သူမသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ဆေးရုံတက်ရောက်ခဲ့ပြီး ဓါတ်မှန်ရိုက်ကြည့်ရာ ဆရာဝန်များက ဦးနှောက်အရှေ့ဘက်ခြမ်းတစ်နေရာတွင် ပုံသဏ္ဌာန်မမှန်သော အရာတစ်ခုကို တွေ့ရှိခဲ့ကြသည်။

သို့သော် သူမ၏ရောဂါအမှန်ကို ၂၀၂၂ခုနှစ် ဇွန်လတွင် ဒေါက်တာ ဘန်ဒီက ဦးနှောက်ကို ခွဲစိပ်ပြီးမှ သိခွင့်ရခဲ့သည်။

အမျိုးသမီး၏ ဦးနှောက်တွင်းမှ ဆွဲထုတ်ယူခဲ့ရသော အနီရောင် သံကောင်အရှင်မှာ နှစ်လခန့် ဦးနှောက်ထဲ အသက်ရှင်နေနိုင်သည်ဟု ဆရာဝန်က ဆိုသည်။

နယူးဆောက်သ်ဝေးပြည်နယ် အရှေ့တောင်ပိုင်း၌ နေထိုင်သော အဆိုပါအမျိုးသမီးသည် ယခုအခါ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သည်။ သူမ၏ ဦးနှောက်အတွင်းမှ သံကောင်အရှင် တွေ့ရှိမှုမှာ ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ် တွေ့ရှိမှုတစ်ခုဖြစ်သည်ဟု ကူးစက်ရောဂါဆန်းများဂျာနယ်(Emerging Infectious Diseases journal)တွင် သုတေသီများက ဖော်ထုတ်ရေးသားထားသည်။

NN-27

Ref:BBCWorld

ဆက်စပ် သတင်းများ