Preview

ဂါဘွန်တွင် သမ္မတကို ဖမ်းပြီး စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွား

သြဂုတ် ၃၁/ ၂၀၂၃ | ကြည့်ရှုသူ :988
နိုင်ငံတကာ သတင်း

(ရွေးကောက်ပွဲ၇လဒ် ပယ်ဖျက်ဟု ကြေညာ)

အာဖရိကအနောက်ပိုင်းဂါဘွန်နိုင်ငံတွင် အင်္ဂါနေ့ကလက်ရှိသမ္မတ အလီဘွန်ဂိုကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက်စစ်တပ်က နိုင်ငံ့အာဏာအရပ်ရပ်ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းရုပ်မြင်သံကြားမှ တစ်ဆင့်နိုင်ငံသို့ ကြေညာခဲ့သည်။

 

ဂါဘွန်ရုပ်မြင်သံကြားပေါ်တွင်အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ရုပ်ပုံများပေါ်ထွက်လာပြီးနောက်သမ္မတအလီဘွန်ဂိုအား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးလိုက်ကြောင်းနှင့် စစ်တပ်က အာဏာ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

အလားတူပြီးခဲ့သည့် စနေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၇လဒ်များကိုလည်း ပယ်ဖျက်လိုက်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

 

အဆိုပါရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အလီဘွန်ဂို က အနိုင်၇ခဲ့သည်။



 

ဂါဘွန်နိုင်ငံ၏နိုင်ငံတော်အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းကြောင်း နှင့် နယ်စပ်အားလုံးကိုပိတ်ထားလိုက်ပြီဟုလည်း ကြေညာခဲ့သည်။ နောက်တစ်ကြိမ်တွင်ကြားကာလအစိုး၇အဖွဲ့ ခေါင်းဆောင်အဖြစ် သမ္မတအစောင့်တပ်ခေါင်းဆောင်ကို တင်မြှောက်ကြောင်းထပ်မံကြေညာခဲ့သည်။

 

ယခုကဲ့သို့စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဖြင့် သယံဇာတ ပေါကြွယ်၀သော အနောက်အာဖရိကဂါဘွန်နိုင်ငံကို ၅၆ နှစ်ကြာ မိသားစုစဉ်ဆက် လွှမ်းမိုးလာခဲ့သည့်အလီဘွန်ဂို၏ အာဏာ နိဂုံးချုပ်သွားပြီ ဖြစ်သည်။

 

ယခုအာဏာသိမ်းပိုက်မှုမှာအာဖရိကရှိ ပြင်သစ်ကိုလိုနီဟောင်းနိုင်ငံများတွင် ဖြစ်ပွါးခဲ့သည့်ရှစ်ကြိမ်မြောက် အာဏာသိမ်းပိုက်မှုဖြစ်သည်။

 

စစ်တပ်ကအာဏာသိမ်းကြောင်း ကြေညာလိုက်ပြီးနောက် ဂါဘွန်မြို့တော် လစ်ဘရီဗီးလ် လမ်းမများပေါ်သို့ ပြည်သူများထွက်လာပြီး အောင်ပွဲခံနေသည်ကိုမြင်တွေ့၇သည်။

 

NN-27

 ref:Reuters

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.