တရုတ်အစိုးရကထုတ်ဝေလိုက်သည့် တရုတ်နိုင်မြေပုံသစ်ကြောင့် အိန္ဒိယနိုင်ငံတွင်မကျေနပ်မှုများ ဖြစ်ပေါ်နေပြီး နှစ်နိုင်ငံအကြား တင်းမာမှုပိုမိုဆိုးရွားလာနေသည်ဟု သိရှိ၇သည်။
တရုတ်နိုင်ငံသဘာ၀ အရင်းအမြစ် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်က အသစ်ထုတ်ဝေလိုက်သည့်တရုတ်နိုင်ငံမြေပုံတွင်အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် အရူနာချယ်ပြည်နယ် နှင့်ဒိုကလန် ကုန်းမြေမြင့်တို့ ပါဝင်နေပြီးတရုတ်နိုင်ငံ နယ်နမိတ်အတွင်း ထည့်သွင်းထားရေးဆွဲထားသည်ကို တွေ့ရှိ၇သည်။
အရူနာချယ်ပြည်နယ်ကိုတရုတ်က တိဗက်ဒေသ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ပြီး မြေပုံတွင်ထည့်သွင်းထားခြင်းဖြစ်သည်။အဆိုပါနယ်မြေများမှာ တရုတ် နှင့် အိန္ဒိယကြားပိုင်ဆိုင်မှု အငြင်းပွါးနေသော နယ်မြေများဖြစ်သည်။
အလားတူ တရုတ်သည် အိန္ဒိယကပိုင်ဆိုင်သည်ဟု ကြေညာထားသော အနောက်ဘက် AksaiChin ဒေသကိုလည်း၄င်းတို့ နယ်နမိတ်အတွင်း ထည့်သွင်း ရေးဆွဲထားသည်။
တရုတ်နိုင်ငံကယခုကဲ့သို့ အငြင်းပွါးနေသည့် နယ်မြေများ ၄င်းတို့၏ မြေပုံထဲ ထည့်သွင်းထားမှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက“ ဒီလိုအခြေအမြစ်မရှိတဲ့ ထည့်သွင်းကြေညာမှုကို ကျွန်တော်တို့ပယ်ချပါတယ်” ဟု ပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဂျိုင်ရှန်ကာ ဆူဘရာမန်ယမ်က တရုတ်၏မြေပုံသစ်ကိုပယ်ချလိုက်ပြီး “ အိန္ဒိယပိုင်နက် နယ်မြေတွေကို ဒီလိုအဓိပ္ပါယ်မရှိ မြေပုံထဲ ထည့်သွင်းလိုက်ရုံနဲ့တရုတ်နယ်မြေ ဖြစ်မသွားပါဘူး”ဟုပြောဆိုလိုက်သည်။
အိန္ဒိယအတိုက်အခံပါတီခေါင်းဆောင်ရာဟူးဂန္ဒီကလည်း တရုတ်၏ထုတ်ပြန်ချက်ကို တုန့်ပြန်ရန်ဝန်ကြီးချုပ် မိုဒီကို တိုက်တွန်းခဲ့သည်။
NN-27
Ref:Dhaka tribune